Healthy Life Ad
Health Tips

သင့်ကို ညဘက်အိပ်မပျော်ခြင်း ဖြစ်စေသည့် အံ့ဖွယ်အကြောင်းရင်း ခြောက်ရပ်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဘာကြောင့် အိပ်မပျော်တာလဲဆိုတာကို အကြောင်းရှာမရတဲ့သူတွေအတွက် အံ့အားသင့်ဖွယ် တွေရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပူလွန်းသောခေါင်းအုံး

အေးမြတဲ့ ခေါင်းအုံးပေါ်မှာ ခေါင်းချပြီး အိပ်စက်နားနေတာကြောင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး အိပ်ငိုက်စေနိုင်ပါတယ်။ ပစ္စဘာ့ဂ်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ အေးမြတဲ့ခေါင်းအုံးနဲ့ အိပ်စက်သူတွေက အချိန် ၁၃ မိနစ်အတွင်း အိပ်မောကျတတ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှုကို နှေးစေပြီး ပြည့်ပြည့်ဝ၀ အနားရစေတာကြောင့် ဖြစ်ပါတယ်။

(၂) လပြည့်ည

လပြည့်ညဆိုရင် လူအများစုဟာ အိပ်ရာထဲမှာ လူးလှိမ့်လိုက်၊ ဟိုဘက်ဒီဘက်လှည့်လိုက်နဲ့ ကောင်းကောင်းအိပ်မပျော်နိုင်ပါဘူး။ လပြည့်ညမတိုင်ခင်နဲ့ လပြည့်ကျော်ညလေးရက်အတွင်း လူတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကို တွေ့ရပါတယ်။ အဲဒီညတွေမှာ မိနစ် ၂၀ အိပ်ချိန်နည်းပြီး မယ်လ်တိုနင်ဟော် မုန်းလျော့နည်းနေကြပါတယ်။

(၃) လေ့ကျင့်ခန်း လုံးဝမလုပ်ခြင်း

လေ့ကျင့်ခန်းက လူတွေကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ လတ်တလောလေ့လာမှုအရ လေ့ကျင့်ခန်းကို စတင်ပြုလုပ်ခဲ့တဲ့ အိပ်မပျော်တဲ့ ဝေဒနာရှိသူတွေဟာ အချိန်ကြာကြာ အိပ်မောကျပြီး စွမ်းအင်အဆင့် မြင့်တက်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီအာနိသင်ကို လေ့ကျင့်ခန်းလုပ်ပြီး နှစ်လအကြာမှာ သိသိသာသာ တွေ့ရပါတယ်။ တစ်နေ့မှာ အနည်းဆုံး မိနစ် ၂၀ ခန့် လေ့ကျင့်ခန်းလုပ်ပါ။

(၄) ဆေးသစ်တစ်လက် စတင်သောက်ခြင်း

အိပ်မပျော်တဲ့ ဝေဒနာက တချို ့သော သွေးတိုးကျဆေး၊ တချို ့သော စိတ်ကျရောဂါကုသဆေးနဲ့ စတီးရွိုက်ဆေး စတဲ့ ဆေးတချို ့ရဲ ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးသစ်တစ်မျိုးကို စတင်မှီဝဲပြီးချိန်မှာ အိပ်မပျော်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

(၅) သင့်အိပ်ရာထဲ အိမ်မွေးတိရစ္ဆာန်များ ဝင်အိပ်ခြင်း

တိရစ္ဆာန်ဓာတ်မတည့်မှု အသေးအမွှားရှိသူတွေတောင် ခေါင်းအုံးနဲ့ အိပ်ရာခင်းတွေမှာ အိမ်မွေးတိရစ္ဆာန် အမွှေးတွေနဲ့ အညစ်အကြေးတွေကပ်ငြိနေရင် နှာခေါင်းပိတ်တာနဲ့ နှာချေတာတို့ ဖြစ်နိုင်ခြေများပါတယ်။ ဒီဝေဒနာတွေရတဲ့အခါ အိပ်ပျော်ဖို့ ခက်သွားပါတော့တယ်။ လေ့လာမှုတစ်ရပ်အရ အိပ်စက်ချိန်မှာ တိရစ္ဆာန်တွေက အနှောင့်အယှက်ပေးတယ်လို့ အမွှေးထူတဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူအိပ်စက်သူ လူနာတစ်ဝက်ကျော်က ဝန်ခံပြောဆိုကြပါတယ်။

(၆) အိမ်ထောင်ဖက်၏ နာကျင်မှု

လတ်တလောလေ့လာမှုတစ်ရပ်အရ အဆစ်ရောင်နာ လူနာတွေရဲ ့ အိမ်ထောင်ဖက်တွေက သူတို့ဘဝအဖော်ဟာ နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရတာကြောင့် ညဘက်တွေမှာ အိပ်ရေးပျက်တဲ့ဒဏ်ကို ခံစားနေရတယ်လို့ သိရပါတယ်။ ပူပင်သောကဟာ နာကျင်မှုကို ပိုဆိုးစေတဲ့အတွက် တရားမှတ်ပြီး စိတ်ဖြေလျှော့ကာ အိပ်ရာဝင်ပါ။

Most Popular

Healthy Life Ad
To Top