Healthy Life Ad
Life Style

အဘိုးအိုနှင့် သူ့သား

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ရွာတစ်ရွာမှာ အဘိုးအိုတစ်ယောက်က တစ်ယောက်တည်း နေထိုင်နေပါတယ်။ သူဟာ အာ လူးစိုက်ပျိုးချင်ပေမယ့် အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်နိုင်တော့ဘူး။ သူရဲ့တစ်ဦးတည်းသောသားသာ ထောင်မကျခဲ့ရင် ဒါတွေသူ့ကို ကူညီနိုင်မှာပဲလို့ အဘိုးအိုကတွေးပြီး သူ့လက်ရှိအခြေအနေကို သားဆီ စာတစ်စောင်ပို့လိုက်တယ်။

“ချစ်လှစွာသော သား …

ဒီနှစ် အာလူးစိုက်နိုင်တော့မှာ မဟုတ်လို့ စိတ်မကောင်းဘူး သားရေ၊ မင်းအမေက အာလူးစိုက်ချိန်ကို သိပ်ချစ်တဲ့အတွက် အာလူးခင်း မပျိုးနိုင်တော့မှာကို စိတ်မကောင်းဘူးကွာ၊ မြေကြီး ထွန်ယက်ဖို့လည်း အဖေက မစွမ်းနိုင်လောက် အောင်အိုနေပြီလေ။ သားသာရှိရင် ဒီအခက်အခဲ အားလုံးကင်းဝေးသွားမှာပဲ။ သားသာ ထောင်ထဲမှာ မဟုတ်ရင် ဖေဖေ့ကိုကူညီနိုင်မှာပဲကွယ်။

ချစ်တဲ့ဖေဖေ”

သိပ်မကြာခင် အဘိုးအိုဟာ ကြေးနန်းစာ တစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။
“အဖေ . .မြေကြီးကို မတူးနဲ့၊ အဲဒီမှာ သား လက်နက်တွေဝှက်ထားတာ”
စာရပြီး နောက်တစ်နေ့ မနက်လေးနာရီမှာ FBI agent တွေနဲ့ ရဲအရာရှိတွေက အဘိုးအိုရဲ့ ဥယျာဉ်တစ်ခုလုံးကို တူးဆွသွားခဲ့ကြပါတယ်။ ဘာလက်နက်မှ မတွေ့ခဲ့တဲ့အတွက် ပြန်သွားပါတော့တယ်။

စိတ်ရှု့ပ်နေတဲ့ အဘိုးအိုက သားဖြစ်သူဆီကို ဘာဖြစ်တာလဲဆိုတဲ့ စာတစ်စောင် ပို့လိုက်တဲ့အခါ သားက ပြန်စာပို့လိုက်ပါတယ်။
“အဖေအခု အာလူးတွေစိုက်လို့ရပါပြီ။ ဒီနေရာကနေ အဖေ့အတွက် သားလုပ်ပေးနိုင်တာကို ကူညီလုပ်ပေးလိုက်တာပါ”တဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top