Healthy Life Ad
Life Style

လှပကြော့ရှင်းနုပျိုလိုသော ပျိုမေတိုင်းအတွက် မရှိမဖြစ် ထိပ်တန်း အသားအရေထိန်းပစ္စည်း ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အရေပြားအထူးကု ဆရာဝန်တွေက လူတွေရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး အကောင်းဆုံး အသားအရေ ထိန်းနည်းတွေကို ညွှန်ကြားလေ့ ရှိပါတယ်။ သင့်တော်တဲ့ အသားအရေ ထိန်းသိမ်း နည်းတွေကို နေ့စဉ် လိုက်နာသွားရင် အသားအရေ နုပျိုကြည့်ကောင်းနေပါလိမ့်မယ်။ အောက်ပါတို့က တော့ မရှိမဖြစ် ထိပ်တန်း အသားအရေထိန်း ပစ္စည်း တွေပဲ ဖြစ်ကြပါတယ်။


(၁) မျက်နှာသန့်စင်ဆေး (Cleanser)
သင့်အသားအရေအမျိုးအစားနဲ့ သင့်တော်တဲ့ သန့်စင်ဆေးကို ရွေးချယ်ပါ။ အသားအရေ ခြောက်သွေ့ရင် အဆီ ဒါမှမဟုတ် ခရင်မ်အခြေခံ သန့်စင်ဆေးကို ရွေးချယ်ပြီး အဆီပြန်တဲ့ အသားအရေရှိရင် ဂျဲလ်အမျိုးအစား သန့်စင်ဆေးကို ရွေးချယ်ပါ။


(၂) ရက်တီနွိုက်ခရင်မ် (Retinoid)
ရက်တီနောခရင်မ်ဟာ အကောင်းဆုံး အိုမင်းမှုတားပစ္စည်း ဖြစ်ပါတယ်။


(၃) နံနက်ခင်း သုံးရမည့် Skin Care
သင့်အရေပြားဟာ ဝက်ခြံပေါက်လွယ်သလား၊ ရောင်ရမ်းမှုများသလား၊ ရောင်ခြယ်ပစ္စည်း အထွက်များသလား၊ ရေဓာတ်ခမ်းခြောက်သလား အစရှိတဲ့ အဓိကအခြေအနေကို မသိရင် သင့်အရေပြားကို စမ်းသပ်စစ်ဆေးပြီး သင့်အသားအရေနဲ့ သင့်တော်တဲ့ နံနက်ခင်းမှာ ထိန်းသိမ်းရမယ့် အလှကုန်တွေကို သုံးပါ။


(၄) ညဘက် သုံးရမည့် Skin Care
ညအိပ်ရာမဝင်ခင် ညဘက်လိမ်းရမယ့် အသားအရေထိန်းပစ္စည်းတွေကို လိမ်းပြီး အိပ်စက်အနားယူတာကြောင့် အသားအရေ လှပကြည့်ကောင်းစေပါတယ်။


(၅) နေကာခရင်မ် (Sunscreen)
အသားအရေကို နေရောင်ခြည် မကြာခဏ ထိတွေ့မှုကနေ အကာအကွယ်ပြုနိုင်ဖို့ရာအတွက် SPF အနည်းဆုံး ၁၅ ဆ ပါတဲ့ နေကာခရင်မ်ကို လိမ်းပါ။ တစ်ကြိမ်လိမ်းရင် လက်ဖက်စားဇွန်း တစ်ဝက်ခန့် ထည့်ကာ များများလိမ်းပါ။


(၆) ရေစိုခံနေကာခရင်မ်(Water resistant sunscreen)
သင့်အနေနဲ့ အပြင်မှာ အချိန်ကြာကြာနေမယ်ဆိုရင် ချွေးထွက်လည်း ပျက်ပြယ်မှုမရှိစေမယ့် ရေစို ခံနေကာခရင်မ်ကို လိမ်းပါ။ အပြင်မှာ နှစ်နာရီကြာတိုင်းထပ်လိမ်းပေးရင် အကောင်းဆုံးပါ။


(၇) အင်တီအောက်ဆီးဒင့် (Antioxidant)
နေကာခရင်မ်တစ်မျိုးတည်းနဲ့ အိုမင်းမှုကို မဟန့်တားနိုင်ပါဘူး။ ဗီတာမင်စီ၊ လက်ဖက်စိမ်း (Green Tea)၊ argan oil ဒါမှမဟုတ် idebenone တို့ပါတဲ့ အင်တီအောက်ဆီးဒင့်ခရင်မ်ကို လိမ်းပါ။


(၈) ရေချိုးဆီ (Bath Oil)
ရေချိုးဆီထည့်ပြီး ရေစိမ်ချိုးပါ။ လာဗန်ဒါရနံ့ပါ တဲ့ ရေချိုးဆီထည့်ပြီး ချိုးတာကြောင့် အပန်းပြေစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။


(၉) ကိုယ်လိမ်းလိုးရှင်း (Body Lotion)
ချိုမြိန်တဲ့ အနံ့ရှိတဲ့ လိုးရှင်းဟာ အသားအရေ ကျန်းမာရေးအတွက်သာမက အသားအရေကို ပြန် လည်ပြုပြင်အားဖြည့်ပေးဖို့အတွက်လည်း အသုံးဝင်ပါတယ်။ Cetaphil ခရင်မ်နဲ့ Vaseline တွေဟာ အရေပြားမှာ အစိုဓာတ်မြဲမြံစေတဲ့ ကိုယ်လိမ်းလိုးရှင်းတွေဖြစ်ပြီး အရေပြားရှိ အစိုဓာတ် အငွေ့ပျံမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၁၀) လက်လိမ်းခရင်မ် (Hand Cream)
လက်ဆေးပြီးတဲ့အခါတိုင်း လက်လိမ်းခရင်မ်ကိုလိမ်းတာက အရေပြားခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းပါ။ Argan Oil ဒါမှမဟုတ် Safflower Oil ပါတဲ့ လက်လိမ်းခရင်မ်က အင်တီအောက်ဆီးဒင့် အာနိသင်ပါတဲ့အပြင် လက်အရေပြားမထိခိုက်အောင် ကာကွယ်ပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top