Healthy Life Ad
Life Style

လူ့နှလုံးအကြောင်းစိတ်ဝင်စားဖွယ် အချက်ခုနစ်ချက်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

(၁) ပျမ်းမျှအားဖြင့် အရွယ်ရောက်လူတစ်ဦးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၇၂ ကြိမ်ခန့် ခုန်ပါတယ်။ တစ်နေ့ နှလုံးခုန်နှုန်းက တစ်သိန်းခန့်ရှိပြီး တစ်နှစ်မှာ အကြိမ်ရေ သုံးသန်းခြောက်သိန်းခန့် ရှိကာ ဘဝတစ်လျှောက်လုံး အကြိမ်ရေ ၂ ဒသ မ ၅ ဘီလီယံခန့်ရှိပါတယ်။

(၂) နှလုံးက မိုင် ၂၀ ခရီးကို သွားလာနိုင်တဲ့ စွမ်းအင်အလုံအလောက် ထုတ်လုပ်ပေးပါတယ်။

(၃) နှလုံးက ဘဝတစ်လျှောက်မှာ သွေးတစ်ဒသမငါး မီလီလီတာနီးပါး ညှစ်ထုတ်နေပါတယ်။

(၄) ရယ်မောတာက နှလုံးအတွက် တကယ်အလုပ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုအတွက်ဆိုရင် အကောင်းဆုံး အိမ်သုံးဆေးပါပဲ။ အူလှိုက်သည်းလှိုက် ရယ်မောတာက တစ်ကိုယ်လုံးအနှံ့ ၂၀ ရာခိုင်နှုန်းခန့်ပိုပြီး သွေးစီးဆင်းရောက်ရှိစေပါတယ်။ ဒါကြောင့် ရယ်မောပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဇာတ်လမ်းတွေကိုကြည့်တာနဲ့ ပျော်ပျော်နေတတ်တဲ့ သူတွေနဲ့တွေ့ဆုံ စကားပြောတာတို့ လုပ်သင့်ပါတယ်။

(၅) နားကြပ်ကို ပြင်သစ်ဆရာဝန် ရီနီက တီထွင်ခဲ့တာဖြစ်ပြီး အမျိုးသမီးလူနာရဲ့ ရင်ဘတ်ကို နားထောင်ဖို့ မသင့်တော်ဘူးလို့ ခံစားရတာကြောင့် နားထဲထည့်ဖို့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။

(၆) အမျိုးသမီးတစ်ယောက်ရဲ့ နှလုံးက အမျိုးသားတစ်ဦးရဲ့ နှလုံးထက် ပိုပြီး မြန်မြန်ဆန်ဆန် ခုန်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတွေရဲ့ နှလုံးက တစ်မိနစ်မှာ အကြိမ် ၇၀ နီးပါး ခုန်နေပြီး အမျိုးသမီးတစ်ဦးရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၇၈ ကြိမ်ရှိပါတယ်။

(၇) လေ့လာမှုတွေအရ အလုပ်ပြန်တက်ရတဲ့ တနင်္လာနေ့မှာ စိတ်ပင်ပန်းလှုပ်ရှားမှုကြောင့် နှလုံးကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် နှလုံးရောဂါထခြင်း (Heart Attack) အများစုဟာ တနင်္လာနေ့ နံနက် ရှစ်နာရီနဲ့ ကိုးနာရီကြား အဖြစ်များပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top