Healthy Life Ad
Health Tips

၇ နာရီ = အိပ်စက်မှုအတွက် လိုအပ်ချိန်

အရွယ်ရောက်သူတွေအနက် တစ်နေ့မှာ အချိန်ခုနစ်နာရီထက် လျော့နည်းပြီး အိပ်စက်လေ့ရှိတဲ့သူတွေ(တစ်ရေးအိပ်ချိန်အပါအဝင်)ဟာ နှလုံးသွေးကြောရောဂါအန္တရာယ် မြင့်မားတယ်လို့ အနောက်ဗာဂျီးနီးယားတက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ နှလုံးသွေးကြောရောဂါဟာ အမေရိကန်ပြည်ထောင်စုမှာ သေဆုံးနှုန်းအများဆုံးရောဂါဖြစ်ပါတယ်။ အိပ်စက်အနားယူချိန် တိုတောင်းလွန်းတာကြောင့် နှလုံးကြွက်သားရောဂါကြောင့် နှလုံးအတွက် လိုအပ်တဲ့ သွေးတွေကို နှလုံးသွေးကြောတွေက မဖြည့်ဆီးပေးနိုင်တဲ့ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်နည်းလွန်းတာက ကျန်းမာရေးအတွက် မသင့်တော်တာကြောင့် အိပ်ချိန်ပုံမှန်ထားရှိဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top