Healthy Life Ad
Health Tips

အခွံမာသီးတွေမှာ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ပါဝင်သလဲ …

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သင့်လက်ထဲမှာ အခွံမာတဲ့ အစေ့အဆန်တွေသာရှိနေရင် အားဆေးတွေကို ခေါက်ထားနိုင်ပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ မြေပဲနဲ့ Pistachios လို အခွံမာအစေ့အဆန်တွေကို ပုံမှန်စားတဲ့သူတွေက ပုံမှန်မစားတဲ့သူတွေထက် အသက်ရှည်ရှည်နေရပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ ခုနှစ်ကြိမ်လောက် အခွံမာအစေ့အဆန်တွေကို စားတဲ့သူတွေက လေ့လာမှုပြုလုပ်ချိန် နှစ် ၂၀ အတွင်း သေဆုံးနိုင်ခြေ ငါးပုံတစ်ပုံလျော့နည်းတယ်လို့ တွေ့ရှိရပါတယ်။ တစ်ပတ်မှာတစ်ကြိမ် အခွံမာအစေ့အဆန်စားရင် စောစောသေဆုံးနိုင်ခြေ ၇ ရာခိုင်နှုန်း လျော့ကျတာကိုတွေ့ရပါတယ်။

အခွံမာအစေ့အဆန်တွေမှာ ကင်ဆာကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ကြေးနီ၊ ဇင့် (သွပ်)၊ သံဓာတ်၊ မဂ္ဂနီဆီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေလည်းပါဝင်တာကြောင့် မှတ်ဉာဏ်ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်အီး၊ ဗီတာမင်ဘီ၊ အိုမီဂါ ၃ ဖက်တီး အက်စစ်တို့လည်း ပါဝင်တဲ့အတွက် စိတ်ဖိစီးမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

– အယ်လ်မွန်သစ်စေ့ (Almond)

ဘာတွေပါဝင်သလဲ – အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်အီးနဲ့ ရိုင်ဘိုဖလေဘင် (B2) – ဗီတာမင်ဘီဟာ အသားအရေကို လှပစေပါတယ်။

ဘာအတွက်ကောင်းသလဲ – ပရိုတင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ် (နာ့ဗ်ကြောစနစ်အတွက် ကောင်းမွန်ပါတယ်)၊ ဇင့် (ကိုယ်ခံစွမ်းအားလုပ်ငန်းဆောင်တာအတွက် ကောင်းပါတယ်)၊ နိုင်ယာစင် (အသားအရေလှပစေပါတယ်)နဲ့ ကြေးနီ။ ကယ်လ်စီယမ်ပါတဲ့အတွက် အရိုးနဲ့သွားတွေကို သန်စွမ်းကျန်းမာစေပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ ဗီတာမင်အီးပါတဲ့အတွက် အသားအရေ၊ မျက်စိနဲ့ ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာစေပါတယ်။ လေ့လာမှုအရ အယ်လ်မွန်သစ်စေ့ပုံမှန်စားသူတွေက မစားသူတွေထက် ကိုယ်အလေးချိန်ပိုမို လျော့ကျတယ်လို့ ဖော်ပြထားပါတယ်။

– သီဟိုဠ်စေ့ (Cashew nuts)

ဘာတွေပါဝင်သလဲ – သံဓာတ်နဲ့ ဇင့်(သွပ်)ဓာတ်။

ဘာအတွက်ကောင်းသလဲ – ပရိုတင်းဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ဗီတာမင် B6၊ ဖောလိတ်၊ ဗီတာမင်အီး၊ အိုမီဂါ ၃ ဖက်တီးအက်စစ်။ သီဟိုဠ်သရက်စေ့မှာ သံဓာတ်နဲ့ ဇင့်ဓာတ်အများအပြားပါဝင်ပြီး ဇင့်ဓာတ်က ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေကာ သံဓာတ်က သွေးကတစ်ဆင့် ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ပေးပါတယ်။ တခြားအခွံမာစေ့အဆန်တွေထက် အဆီပါဝင်မှုနည်းပြီး အဆီအနေနဲ့ နှလုံးကျန်းမာစေတဲ့ အိုးလစ်အက်စစ်ပါဝင်ပါတယ်။ အသားအရေတင်းရင်းစေတဲ့ ကော်လာဂျင်ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။

– မကယ်ဒေးမီးယား (Macadamia)

ဘာပါဝင်သလဲ – သိုင်ယာမင်း (ဗီတာမင် B10)

ဘာအတွက်ကောင်းသလဲ – အမျှင်ဓာတ်၊ သံဓာတ်၊ နိုင်ယာစင်၊ အိုမီဂါ ၃၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်။ မကယ်ဒေးမီးယားမှာ မိုနိုမပြည့်ဝဆီပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ရောဂါဖြစ်နှုန်းကို လျော့နည်းစေပါတယ်။ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်တဲ့အတွက် နှလုံးကိုကာကွယ်ပေးပါတယ်။

– မြေပဲ (Peanut)

ဘာတွေပါဝင်သလဲ – ပရိုတင်း၊ နိုင်ယာစင်၊ ဖောလိတ်။

ဘာအတွက်ကောင်းသလဲ – အမျှင်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဇင့်(သွပ်)ဓာတ်၊ ရိုင်ဘိုဖလေဘင် (ဗီတာမင် B2)၊ ဗီတာမင်အီး၊ နိုင်ယာစင် (ဗီတာမင် B3)၊ မြေပဲနဲ့ ဓာတ်မတည့်မှုမဖြစ်တတ်ရင် သင့်ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ ကင်ဆာတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့် ပမာဏတွေရှိသလို မိုနိုမပြည့်ဝဆီ ပါဝင်မှုများကာ ပရိုတင်းအကောင်းဆုံး အရင်းအမြစ် ပါဝင်ပါတယ်။

– Pistachios

ဘာတွေပါဝင်သလဲ – ပိုတက်စီယမ်နဲ့ ဗီတာမင် B6

ဘာအတွက်ကောင်းသလဲ – ပရိုတင်း၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ သိုင်ယာမင်းနဲ့ဗီတာမင်အီး။ Pistachios တစ်စေ့မှာ လေးကယ်လိုရီပဲ ပါဝင်ပါတယ်။ တခြားအခွံမာအစေ့အဆန်တွေထက် ဗီတာမင် B6 သုံးဆ ပိုမိုပါဝင်ပြီး တခြားသစ်သီးတွေထက် အမျှင်ဓာတ် သုံးဂရမ်ပိုပါပါတယ်။ ဗီတာမင် B6 ပါဝင်တာကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ်တွေကို ဟန်ချက်ညီစေပါတယ်။ အမျိုးသားတွေ နေ့စဉ်စားရင် ပန်းသေပန်းညှိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ Pistachio တစ်ခွက်စာပမာဏမှာ ငှက်ပျောသီးတစ်ဝက်ထက် ပိုတက်စီယမ် ပိုမိုပါဝင်တဲ့အပြင် အင်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

– သစ်ကြားသီး (Walnut)

ဘာတွေပါဝင်သလဲ – အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့်၊ ဗီတာမင်ဓာတ်၊ ဖောလိတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတို့မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တခြားအခွံမာအစေ့အဆန်တွေထက် အင်တီအောက်ဆီးဒင့် ပိုမိုပါဝင်တဲ့အတွက် ကင်ဆာကို တွန်းလှန်ပေးနိုင်သလို မကောင်းတဲ့ ကိုလက်စထရောကိုလည်းလျော့ကျစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top