Healthy Life Ad
Health Tips

တစ်နေ့ ငှက်ပျောသီးနှစ်လုံးစားရင် သင့်ခန္ဓာကိုယ်က ဘယ်လိုပြောင်းလဲသွားမှာလဲ . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာ ငှက်ပျောသီးနှစ်လုံးစားပေးရင် သင့်ခန္ဓာကိုယ်ကျန်းမာရေးကို သိသိသာသာ ကောင်းမွန်စေတယ်လို့ လေ့လာမှုအရသိရပါတယ်။

(၁) သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်

ငှက်ပျောသီးက သွေးတိုးတာကို လျော့ကျစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းပေးပါတယ်။ ငှက်ပျောသီးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ်ဝန်းကျင် ပါဝင်လို့ပါ။

(၂) အပိုကိုယ်အလေးချိန် လျော့ကျစေပါတယ်

ငှက်ပျောသီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် စားပြီးရင် ကြာကြာဗိုက်ပြည့်စေပါတယ်။ ငှက်ပျောသီးမှာ ကစီဓာတ်ပါဝင်တဲ့အတွက် အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်မတက်အောင် ထိန်းပေးပါတယ်။ ငှက်ပျောသီးဟာ သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေကာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံ့ပြန်မှုကို မြင့်တက်စေပါတယ်။

(၃) သွေးအားနည်းရောဂါဖြစ်နှုန်း လျော့ပါးစေပါတယ်

သွေးအားနည်းရောဂါရှိရင် ဖျော့တော့ဖြူဖျော့တာ၊ မောပန်းတာနဲ့ အသက်ရှူမဝတာတွေ ဖြစ်တတ်ပါတယ်။ သွေးနီဥလျော့ကျပြီး သွေးတွင်း ဟေမိုဂလိုဘင်အဆင့် လျော့ကျနိုင်ပါတယ်။ ငှက်ပျောသီးမှာ သံဓာတ်ပါဝင်တာကြောင့် သွေးနီဥထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဗီတာမင် B6 လည်း ပါဝင်တဲ့အတွက် သွေးတွင်းဂလူးကို့စ်အဆင့်ကို ထိန်းပေးပါတယ်။

(၄) စိတ်ဖိစီးမှုလျော့ကျစေပါတယ်

ငှက်ပျောသီးစားတာကြောင့် စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးမှာ ထရစ်ပတိုဖန်ဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ ပျော်ရွှင်မှုဟော်မုန်း ဆီရိုတိုနင်အထွက် တိုးစေပါတယ်။ ယေဘုယျအားဖြင့် ငှက်ပျောသီးတစ်လုံးမှာ မဂ္ဂနီဆီယမ် ၂၇ မီလီဂရမ်ပါဝင်ပြီး ဒါက စိတ်ခံစားမှုကောင်းမွန်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာ ဖြစ်ပါတယ်။

(၅) အစာခြေစနစ် ကောင်းမွန်စေပါတယ်

ငှက်ပျောသီးက အစာကြေလွယ်ပါတယ်။ ရင်ပူနေရင်၊ အစာအိမ်ရောင်ရမ်းနာဖြစ်နေရင် ငှက်ပျောသီးမှည့်စားနိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန် ငှက်ပျောသီးစားပေးရင် ဆုံးရှုံးသွားတဲ့ သတ္တုဓာတ်တွေကို ပြန်လည်ရရှိစေပါတယ်။

(၆) ဗီတာမင်ရရှိစေပါတယ်

ငှက်ပျောသီးမှာ ဗီတာမင် B6 ပါဝင်မှုများပါတယ်။ ငှက်ပျောသီးတစ်လုံးစားလိုက်တာနဲ့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် B6 ၂၀ ရာခိုင်နှုန်းခန့် ရရှိစေပါတယ်။ ဗီတာမင် B6 က ဆဲလ်တွေ ကျန်းမာဖို့လိုအပ်တဲ့ဓာတ်တွေ ထွက်ရှိအောင်ကူညီပါတယ်။ ငှက်ပျောသီးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ ၁၅ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဗီတာမင်စီက အင်တီအောက်ဆီးဒင့်ဖြစ်ပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးပါတယ်။ အဲဒီအတွက် သွေးကြောတွေကို ကျန်းမာစေပြီး ကော်လာဂျင်ထုတ်လုပ်မှု အားကောင်းစေပါတယ်။

(၇) စွမ်းအင်အဆင့် မြင့်တက်စေပါတယ်

ငှက်ပျောသီးမှာပါတဲ့ ပိုတက်ဆီယမ်က ကြွက်တက်ခြင်းမဖြစ်အောင် ကာကွယ်ပေးတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ စွမ်းအင်အလုံအလောက်ရရှိစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top