Healthy Life Ad
Health Tips

ခြေဖနောင့် အသားမာတက်ခြင်း အတွက် သဘာဝကုထုံး

ခြေဖနောင့် အရေပြားခြောက်သွေ့ပြီး အသားမာတက်နေတဲ့အခါ အိမ်မှာပဲလွယ်ကူတဲ့ နည်းလမ်းတွေနဲ့ကုသနိုင်ပါတယ်။

– သကြား

သကြားခွက်ရဲ့ လေးပုံသုံးပုံကိုစန္ဒကူး ဆီ၊ ပက်ပါးမင့်ဆီစတဲ့ အဆီတစ်မျိုးမျိုးနဲ့ ရောမွှေပြီး ခြေဖနောင့်အသားမာနေရာပေါ်မှာ သုတ်လိမ်းပြီး ညင်ညင်သာသာကြေး ချွတ်ပွတ်တိုက်ပေးပါ။ ချောမွေ့နူးညံ့တဲ့အရေ ပြားဖြစ်အောင် ပွတ်တိုက်ပြီးမှ ရေနဲ့သန့်စင်ပေးပါ။

– နာနတ်သီး

နာနတ်သီးကို အခွံနွှာပြီး ခြေဖနောင့် အသားမာနေရာတွေပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ နာနတ်သီးထဲမှာပါတဲ့ အင်ဇိုင်းနဲ့ အက်စစ်ဓာတ်ဟာ ခြေဖနောင့်အသားမာကို ကင်းစင်စေပါတယ်။

– အုန်းဆီ

ခြေဖနောင့်အသားမာမှာ အုန်းဆီ၊ သံလွင်ဆီ၊ နှမ်းဆီ၊ ကြက်ဆူဆီအစရှိတဲ့ဆီ တစ်မျိုးမျိုးကို လိမ်းပေးရင်လည်း အသားမာကင်းစင်စေပါတယ်။

(Ref;yohoo)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top