Healthy Life Ad
Life Style

သွေးတိုးရောဂါကို ဘာကြောင့် အသံတိတ် လူသတ်သမားလို့ ပြောကြတာလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးတိုးရောဂါရှိတဲ့သူတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က ဘာလက္ခဏာမှမပြ၊ ဘာဝေဒနာမှ မခံစားရတာကြောင့် အသံတိတ်လူသတ်သမားလို့ ပြောကြတာပါ။ သွေးတိုးရောဂါရှိ၊ မရှိသိဖို့ သွေးပေါင်ချိန်ဖို့ လိုအပ်ပါတယ်။

သွေးတိုးရောဂါ အစောပိုင်းမှာ လက္ခဏာမပြပေမယ့် သွေးတိုးရောဂါကြောင့် ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ အင်္ဂါနဲ့တစ်သျှူးတွေကို ထိခိုက်ပြီဆို ရင်တော့ ခေါင်းကိုက်တာ၊ အမြင်မှုန်ဝါးတာ၊ နှစ်ထပ်မြင်ရတာ၊ ရင်ဘတ်အောင့်တာ၊ မအီမသာဖြစ်တာ၊ မောတာ၊ မူးတာ စတဲ့လက္ခဏာတွေ ပြသတတ်ပါတယ်။ သွေးတိုးကြောင့် ကျောက်ကပ်ထိရင် မျက်နှာဖောတယ်၊ ခြေထောက်ရောင်တယ်၊ နှလုံးထိရင်မောတယ်၊ ဦးနှောက်ကိုထိရင် မူးတယ်၊ နှစ်ထပ်မြင်တယ် . . ဒီလိုလက္ခဏာတွေ ပြသတတ်ပါတယ်။

၁။ ကိုယ်အလေးချိန်ကို ထိန်းရပါမယ်
ကိုယ်အလေးချိန်ထိန်းဖို့လိုသလို ဗိုက်မပူအောင်ထိန်းဖို့လည်းလိုပါတယ်။ ဗိုက်ပူတယ်ဆို တာက ယေဘုယျအားဖြင့် ဝမ်းတွင်းအဆီများနေ တာကိုဖော်ပြနေတာဖြစ်ပါတယ်။ ခါးအတိုင်းအတာက အာရှတိုက်သားတွေမှာတော့ အမျိုးသမီး ဆိုရင် ၃၁လက်မ၊ အမျိုးသားဆိုရင် ၃၅ လက်မ ထက်မကျော်သင့်ဘူးလို့ အကြမ်းအားဖြင့် သတ်မှတ်ထားတယ်။ တကယ်လို့ ဒီအတိုင်းအတာထက် ကျော်နေပြီဆိုရင်တော့ ကိုယ်အလေးချိန်ကိုလျှော့ ချသင့်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချနည်းတွေကတော့ အားလုံးသိကြတဲ့အတိုင်း လေ့ကျင့် ခန်းလုပ်တာ၊ ဆီကြော်စာရှောင်တာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များများစားတာ စတာတွေပဲ ဖြစ်ပါတယ်။

၂။ အရက်နဲ့ ကဖင်းကို လျှော့ရပါမယ်
အရက်ကိုလည်း အမျိုးသားတွေဆိုရင် တစ် နေ့မှာ နှစ်ပက်ထက်မပိုသင့်ဘူး။ အမျိုးသမီးတွေ ဆိုရင် တစ်ပက်ထက် မပိုသင့်ဘူးဆိုပြီးစာအုပ်တွေထဲမှာ ဖော်ပြထားပါတယ်။ မသောက်တာကတော့ အကောင်းဆုံးပါ။

၃။ ဆေးလိပ်သောက်တတ်ရင် ဆေးလိပ် ဖြတ်ပါ
ဆေးလိပ်ဟာ သွေးကြောတွေထဲမှာ အဆီတွေကိုစုစေတာကြောင့် သွေးတိုးစေပါတယ်။

၄။ အာဟာရပြည့်ဝတဲ့ အစားအသောက် စားရပါမယ်
သွေးတိုးမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အစားအသောက်ကို မှန်ကန်အောင် စားဖို့လိုပါ တယ်။ ပြည့်ဝဆီ (Saturated Fat) ရှောင်ပါ။ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်ကို များများစားပါ။သွေးတိုးဖြစ်စေတဲ့ အစားအစာထဲမှာ အဓိက ပါနေတာက ဆားပဲဖြစ်ပါတယ်။ ဆားများရင် ခန္ဓာကိုယ်ထဲမှာ ရေစုဆောင်းမှုများပြီး သွေးတိုးနိုင်ပါတယ်။ ဒါကြောင့် ဆားစားတာကို လျှော့စားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top