Healthy Life Ad
Q & A

အငန်အလွန်အကျွံစားခြင်းကြောင့် ကြာလာလျှင် ထိခိုက်နိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ

Q. အငန်အလွန်အကျွံစားတာကြောင့် ရေရှည်မှာ ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေနိုင်ပါသလဲ ဆရာ။

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

A. မြန်မာလူမျိုးတွေက အငန်အရသာကို ကြိုက်တာများပါတယ်။ အငန်ကို အသင့်အတင့် စားတာကတော့ ရပါတယ်။ တချို့ကျတော့ မုန့်ဟင်းခါးစားတယ်၊ အဲဒီအထဲမှာ ငံပြာရည်ထပ်ထည့်ပြီး စားတတ်ကြတယ်။ တချို့ကျတော့ အငန်ကို ပိုပြီးအလွန်အကျွံ ထပ်ထည့်စားတာလည်း ရှိတယ်။ ပုံမှန်အရသာဆိုရင်တော့ စားသင့်ပါတယ်။ အငန်အရသာကို အလွန်အကျွံကြိုက်ပြီး စားတာကြာလာရင် သွေးတိုးရောဂါ ဝင်လာနိုင်ပါတယ်။

“အငန်အလွန်အကျွံစားတဲ့အခါ သွေးတိုးရောဂါရမယ်၊ သွေးတိုးရောဂါကို သေချာစနစ်တကျ ကုသမှုမခံယူဘူးဆိုရင် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါတင်မကဘဲ ဆီးချိုသွေးချိုရောဂါရှိပြီး ဆီးချိုရောဂါကို သေချာထိန်းချုပ်ကုသမှု မခံယူဘူးဆိုရင် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်ပါတယ်” . . .

သွေးတိုးရောဂါရှိပေမယ့် ရောဂါကို သေချာကုသမှု မခံယူဘူးဆိုရင် ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။ ဒါကတော့ ယေဘုယျဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာပါ။

Q. အငန်အလွန်အကျွံစားတာအပြင် တခြားဘယ်လိုအပြုအမူတွေကို တွဲလုပ်ရင် ကျောက်ကပ်ကို ပိုမိုထိခိုက်မှု ဖြစ်စေနိုင်ပါသလဲ ဆရာ။

A. အငန်အလွန်အကျွံစားတဲ့အခါ သွေးတိုးရောဂါရမယ်၊ သွေးတိုးရောဂါကို သေချာစနစ်တကျ ကုသမှုမခံယူဘူးဆိုရင် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါတင်မကဘဲ ဆီးချိုသွေးချိုရောဂါရှိပြီး ဆီးချိုရောဂါကို သေချာထိန်းချုပ်ကုသမှု မခံယူဘူးဆိုရင် ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်ပါတယ်။ ဥပမာ- မွေးရာပါ ကျောက်ကပ်ရောဂါရှိသူတွေ၊ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ စွဲသောက်သူတွေမှာလည်း ကျောက်ကပ်ထိခိုက်ပျက်စီးနိုင်ပါတယ်။

ဒီလိုအခြေခံ အကြောင်းတရားတွေကြောင့် ကျောက်ကပ်မကောင်းတဲ့အခါ မျက်လုံးအောက်မှာ ဖောရောင်လာတတ်တယ်၊ ခြေထောက်မှာ ဖောရောင်လာတတ်တယ်၊ ဆီးသွားနည်းလာတတ်တယ် . . ဒီလိုလက္ခဏာလေးတွေ စတင်ပြသတတ်ပါတယ်။ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ သွေးတွေက နှလုံးထဲကို ရောက်သွားနိုင်တယ်၊ အဆုတ်ထဲကို ရောက်သွားနိုင်တယ်။ ဒီလိုနဲ့ မွန်းကျပ်တာ၊ မောတာတွေဖြစ်တတ်ပါတယ်။ ကျောက်ကပ်ထိပြီဆိုတာနဲ့ နာတာရှည် ကျောက်ကပ်ရောဂါကနေတစ်ဆင့် တခြားရောဂါဝေဒနာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်ရာကနေ လူနာတွေက အစားအသောက်ပျက်တာ၊ နေလို့ထိုင်လို့ အဆင်မပြေတာ၊ မောပန်းတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ်ရောဂါရယ်လို့ စဝင်လာတာနဲ့ အခြေအနေမဆိုးအောင် ဂရုတစိုက်ကုသဖို့လိုပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါတို့ရှိရင် အဲဒီရောဂါတွေကို သေချာစနစ်တကျ ထိန်းချုပ်ကုသဖို့ လိုအပ်ပါတယ်။

Q. ဒါနဲ့ပတ်သက်ပြီး ထပ်မံပြောကြားလိုတာရှိရင်လည်း သိပါရစေ ဆရာ။

A. မဖြစ်အောင်ကာကွယ်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက် အနေအထိုင်ကို တတ်နိုင်သမျှ ဆင်ခြင်ရပါမယ်။ အငန်တွေကို အလွန်အကျွံမစားသင့်ပါဘူး။ အကိုက်အခဲပျောက် ဆေးဝါးတွေကိုလည်း ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးပေးသင့်ပါတယ်။ ကိုယ့်မှာရောဂါဝေဒနာတွေ တစ်ခုခုဝင်လာတယ်လို့ သံသယဝင်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြသစစ်ဆေးသင့်ပါတယ်။ ရောဂါရှိနေရင်လည်း ဆရာဝန်ချိန်းဆိုချက်အတိုင်း ပုံမှန်ပြန်ပြပြီး စနစ်တကျကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top