Healthy Life Ad
Child

ကလေးငယ် သွားလဲချိန် ဘယ်လို ဂရုစိုက်ပေးသင့်သလဲ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ငယ်သွားလဲချိန် ဆိုတာ ကလေးသွားတွေနဲ့ လူကြီးသွားတွေ လဲလှယ်ပေါက်နေတဲ့ အချိန်ဖြစ်ပြီး အသက် ၆ နှစ်ကနေ ၁၂နှစ်အတွင်း ဖြစ်ပါတယ်။

– ကလေးကသွားပွတ် တံကိုကိုင်ပြီး သူ့ဘာသာ တိုက်တတ်တဲ့ အရွယ်ရောက်လာရင် ကလေးသုံးသွား တိုက်တံနဲ့ ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးထည့်ပေးပြီး တိုက်ခိုင်းရပါမယ်။

– ကလေးက ငယ်သွားနဲ့နေတာကြောင့် သွားနာနေချိန်မှာ သွားမတိုက်ဘဲနေရင် လူကြီးသွားတွေမှာ စားကြွင်းစားကျန်တွေ ကပ်ငြိနေတာကြောင့် ထိခိုက်နိုင်ခြေရှိပါတယ်။ ဒီအချိန်မှာ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးသင့်ပါတယ်။ ကလေးကသွားနာနေရင် သွားဆရာဝန်နဲ့ ပြပေးသင့်ပါတယ်။

– ကလေးသွားပေါက်ချိန်၊ သွားလဲချိန်မှာ ခံတွင်းသန့်ရှင်းရေးအတွက် ကလေးငယ်ကို ပန်းသီးကျွေးသင့်ပါတယ်။ ပန်းသီး၊ မုန်လာဥနီတို့လို အသီးတွေမှာ သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကလေးရဲ့သွားတွေကို သန့်ရှင်းစင်ကြယ်စေပါတယ်။ နည်းနည်းကြီးတဲ့ ကလေးတွေဆိုရင်တော့ မုန်လာဥနီ ကျွေးနိုင်ပါတယ်။

– ကလေးသွားတွေက ပုံစံပြောင်းပြီး အချွန်၊ အတက်တွေဖြစ်လာရင် လျှာတွေ၊ ပါးစောင်တွေကို ရှစေနိုင်ပါတယ်။ သွားပေါက်တာ စောင်းနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ သွားဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top