Healthy Life Ad
Life Style

အံ့သြဖွယ်ရာ ခုနစ်ခု

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မာလာက ရွာငယ်လေးတစ်ရွာက ၉နှစ်အရွယ် မိန်းကလေးတစ်ဦးပါ။ ရွာကျောင်းမှာ လေးတန်း အထိတက်ထားတဲ့ ကောင်မလေးပေါ့။ ငါးတန်း တက်ဖို့ ရွာအနီးအနားက ကျောင်းလေးမှာ တက် ရောက်ခွင့်ရခဲ့ပါတယ်။ လူများတဲ့ မြို့ကျောင်းမှာ တက်ခွင့်ရတော့မယ်ဆိုတော့ မာလာသိပ်ကို ပျော် ရွှင်နေတာပေါ့။ ဒီနေ့ မာလာ မြို့ကျောင်းစတက်တဲ့ ပထမဆုံးနေ့ပါ။ ကျောင်းကားစောင့်နေခဲ့တယ်။ ကျောင်းကားလာတော့ ခပ်မြန်မြန် ခုန်တက်လိုက် တယ်။ မာလာ သိပ်ကို စိတ်လှုပ်ရှားနေခဲ့တယ်။

ကျောင်းကိုဘတ်စကားရောက်တော့ ကျောင်းသားအားလုံး သူတို့အတန်းတွေထဲ အသီးသီးသွားခဲ ကြတော့တယ်။ မာလာလည်း တခြားကျောင်းသားတွေ ညွှန်ပြတဲ့အတိုင်း သူ့အခန်းထဲ ဝင်သွားခဲ့တယ်။

မာလာရဲ့ ရိုးစင်းတဲ့ ဝတ်ဆင်မှုနဲ့ ရွာသူမလေး အသွင်ကြောင့် တခြားကျောင်းသားတွေက သူ့ကို စတင်ရယ်မောခဲ့ကြတယ်။ ဆရာမရောက်လာတာကြောင့် ကျောင်းသားအားလုံး တိတ်ဆိတ်သွားတော့တယ်။ ဆရာမက မာလာကို စာသင်ခန်းထဲက ကျောင်းသားတွေနဲ့ စတင်မိတ်ဆက်ပေးခဲ့တယ်။

အဲဒီနောက် ဆရာမက ကျောင်းသားတွေကို အံ့သြဖွယ်ရာ စာမေးပွဲတစ်ခု ဖြေခိုင်းခဲ့တယ်။

ကမ္ဘာကြီးရဲ့ အံ့သြဖွယ်ရာ အချက်ခုနစ်ခု အကြောင်း လူတိုင်းကို ချရေးပါလို့ ဆရာမက မေးခွန်းထုတ်တော့ ကျောင်းသားတိုင်း ခပ်မြန်မြန် ချရေးပေမယ့် မာလာက အဖြေကို ဖြည်းဖြည်းချင်းပဲ ရေးခဲ့တယ်။

လူတိုင်းအဖြေလွှာအပ်တဲ့အထိ မအပ်သေးတဲ့ မာလာကို ဆရာမက “ဘာဖြစ်လို့လဲသမီး၊ ဘာ မှစိတ်မပူနဲ့၊ သမီးစိတ်ထဲရှိတာကို ချရေးလိုက်ပါ”လို့ ပြောတယ်။
“အများကြီးရှိတဲ့အထဲက ဘယ်ခုနစ်ခုကို ချရေးရင် ကောင်းမလဲလို့ တွေးနေတာပါ ဆရာမ”လို့ မာလာက ဖြေပြီး ဆရာမလက်ထဲ အဖြေလွှာကို အပ်လိုက်တယ်။
ဆရာမက လူတိုင်းရဲ့အဖြေလွှာကို ဖတ်တော့ အများစုက တရုတ်ပြည်က ဂရိတ်ဝေါ၊ တက်ချ် မဟာ၊ ပဲရစ်မျှော်စင် စသဖြင့် ဖြေကြတယ်။ ဆရာ မက သူသင်ထားတာကို မှတ်မိသားပဲဆိုပြီး ဝမ်း သာသွားတယ်။

နောက်ဆုံး မာလာရဲ့ အဖြေလွှာလေးကို ယူ ဖတ်လိုက်တော့-
“အံ့သြစရာ ခုနစ်ချက်မှာ (၁) မြင်နိုင်စွမ်းရှိ တာ၊ (၂)ကြားနိုင်စွမ်းရှိတာ၊ (၃)ခံစားနိုင်စွမ်းရှိတာ၊ (၄)ရယ်နိုင်တာ၊ (၅)တွေးတောနိုင်တာ၊ (၆) ကြင် နာတတ်တာနဲ့ (၇) ချစ်တတ်တာတို့ပါပဲ”

ဆရာမလည်း ကြက်သေသေသွားခဲ့သလို တစ်တန်းလုံးလည်း စကားတောင်မပြောနိုင်တော့ပါဘူး။ ဒီနေ့အတွက်တော့ ရွာငယ်လေးကကလေး မလေးဟာ ဆရာမနဲ့ အတန်းဖော်အားလုံးအတွက် တန်ဖိုးမဖြစ်နိုင်တဲ့ အလင်းပြသူ ဖြစ်သွားခဲ့ပါတော့တယ်။

မှတ်ချက်။ ။ ကိုယ့်မှာရှိတာကို တန်ဖိုးထားပါ၊ ကိုယ့်မှာပိုင်ဆိုင်တာကို အသုံးချပါ၊ ပန်းတိုင်ရောက်ဖို့ ခွန်အားအားလုံး သင့်မှာ ပိုင်ဆိုင်ပြီးသားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များHyတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top