Healthy Life Ad
Health Tips

ကျန်းမာရေးနှင့် အညီ အစားထိုးစားသောက်တတ်စေမည့် စည်းမျဉ်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးဂရုစိုက်သူတွေက အန္တရာယ်ရှိတဲ့ အစားအသောက်တွေအစား ကျန်းမာရေးနဲ့ ညီညွတ် ပြီး အာဟာရရှိတဲ့ အစားအသောက်တွေကို ရွေးချယ် စားသောက်လေ့ရှိကြပါတယ်။

– အချိုရည်အစား ပန်းသီးဖျော်ရည် သောက်ပါ
ပန်းသီးဖျော်ရည်က အချိုရည်ဘူးတွေထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ဒါပေမဲ့ သင်က ပန်းသီးဖျော်ရည် မသောက်ချင်ရင် ရေပဲသောက်ပါ။

– ကိုယ်အလေးချိန် လျှော့နေစဉ် ဟမ်ဘာဂါအစား ဆူရှီစားနိုင်
ကိုယ်အလေးချိန်လျှော့နေရင် ဟမ်ဘာဂါ စား မယ့်အစား ဆူရှီစားလို့ရပါတယ်။

– ဟင်းသီးဟင်းရွက်ဟင်းလျာထက် ဟင်းသီးဟင်း ရွက်ပြုတ်ကို ဦးစားပေးစားပါ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ကြော် လှော်စားတာထက် ပြုတ်စားတာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။ ဥပမာပြောရရင် မုန်လာဥနီပြုတ် မှာ ကာရိုတီးနွိုက်ဓာတ်ပိုမိုပါဝင်ပြီး ခရမ်းချဉ်သီး ပြုတ်မှာ လိုင်ကိုပင်းဓာတ် ပိုမိုပါဝင်တဲ့အတွက် သင့် ကျန်းမာရေးကို အကျိုးရှိစေပါတယ်။

– ဆားအစား ပဲပိစပ်ဆော့စ် စားပါ
ဆားများများထည့်ပြီး ဟင်းချက်မယ့်အစား ပဲပိ စပ်ဆော့စ် (Soy sauce)ကို ရွေးချယ်ပါ။ ဆားများ များထည့်စားတာက သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အတွက် ဟင်းလျာတွေအရသာရှိအောင် ပဲပိစပ် ဆော့စ်ထည့်ချက်နိုင်ပါတယ်။

– သကြားအစား ပျားရည်စားပါ
သကြားများများစားတာက သင့်ခန္ဓာကိုယ်နဲ့ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် ချိုမြိန်တဲ့အရသာ လိုချင်ရင် သကြားအစား ပျားရည် ထည့်သုံးနိုင်ပါတယ်။

– သစ်သီးက အကောင်းဆုံး သရေစာ
သစ်သီးတွေကို ခြောက်အောင်လုပ်တဲ့ ဖြစ်စဉ် မှာ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့် ၈၀ ရာခိုင်နှုန်း ကျော် ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ သစ်သီးတွေကို သရေစာအဖြစ် စားတာ ပိုကောင်းပါတယ်။

– ကိုယ်အလေးချိန် ထိန်းနေသူအတွက် ချိစ်က ရန်သူ
ချိစ် (cheese)မှာ အဆီနဲ့ ကယ်လိုရီပါဝင်မှု များတဲ့အတွက် ကိုယ်အလေးချိ်န် ထိန်းနေသူတွေ သတိပြုဆင်ခြင်သင့်ပါတယ်။ ချိစ်မှာ ကယ်လ်ဆီယမ် ပါဝင်မှုများတဲ့အတွက် အရိုးတွေအတွက် ကောင်း ကျိုးရှိပါတယ်။

– ဟင်းလျာ အရသာတိုးစေရန် ကောင်းသောအဆီ သုံးပါ
သံလွင်ဆီ၊ နေကြာဆီ စတဲ့ အဆီတွေက ဟင်း လျာတွေကို အရသာတိုးစေတဲ့အပြင် ကျန်းမာတဲ့ အစာကို ဖြစ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top