Healthy Life Ad
International

ဖေ့စ်ဘွတ်ခ်ပေါ် ဓာတ်ပုံတင်သဖြင့် အူတိုသော ယောကျာ်းက ဇနီးဖြစ်သူကို ဓာတ်ဆီလောင်းမီးရှို့

၊ မိုးမင်းထွန်း ၊

ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်း မီးရှို့တာကြောင့် မျက်နှာအရည်ပျော်ကျသွားတဲ့ အမျိုးသမီး တစ်ဦးရဲ့ပုံတွေထိတ်လန့်စရာပေါ်ထွက်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှအသက် ၂၆နှစ်အရွယ် နတ်နာဖာနူအန်ခုဟာ အသက် ၂၈ နှစ်အရွယ် ခင်ပွန်းနဲ့ လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလက လက်ထပ်ခဲ့ပါတယ်။ သားတစ်ဦးထွန်းကားခဲ့ပြီး အိမ်ထောင်သက်တမ်းအတွင်း ခင်ပွန်းဖြစ်သူရဲ့ အနိုင်ကျင့် စော်ကားခံခဲ့ရတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာလက နတ်နာဖာဟာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် သူ့ရဲ့ဓာတ်ပုံသုံးပုံတင်ခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူရဲ့ ဓာတ်ဆီလောင်းမီးရှို့တာကို ခံခဲ့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးနဲ့ မျက်နှာမှာ အကြီးအကျယ်မီးလောင်ကျွမ်းခံခဲ့ရပြီး အရေးပေါ်ခွဲစိတ်မှု သုံးကြိမ်ပြုလုပ်ခဲ့ရကာ နောက်ထပ်ခွဲစိတ်မှုတွေလုပ်ဖို့ လိုအပ်နေပါသေးတယ်။ မီးလောင်ခံရစဉ် အတောအတွင်း ငရဲဆိုတာ တကယ်ရှိတယ်လို့ ယုံကြည်သွားကြောင်း နတ်နာဖာက ပြောပြပါတယ်။ သူ့မှာ ဒီလိုအဖြစ်ဆိုးမျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ကြောင်းနဲ့ အတိတ်ကံဝဋ် ကြွေးဆပ်ရတယ်လို့ သဘောထားကြောင်း ဆိုပါတယ်။ပြစ်ဒဏ်ကျခံဖို့ အမှုရင်ဆိုင်နေရတဲ့ ခင်ပွန်းသည်ကိုလည်း ခွင့်လွှတ်ကြောင်း ပြောပြခဲ့ပါတယ်။နတ်နာဖာရဲ့သူငယ်ချင်းတစ်ယောက်က သူ့အတွက် ဆေးကုစရိတ်ရရှိဖို့ အလှူခံပေးနေပါတယ်။ အမှုဖြစ်စဉ်ကိုစစ်ဆေးဆဲဖြစ်ပြီး တရားခံကို ထိုက်သင့်တဲ့ပြစ်ဒဏ်ကျခံရဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။

(Ref;MTO)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top