Healthy Life Ad
International

လုပ်ဖော်ကိုင်ဖက်အမျိုးသမီး၏ စားစရာထဲ ကျားဟော်မုန်းထည့်သဖြင့် တရုတ်အမျိုးသား ထောင်ချခံရ

၊ ကိုထက် ၊

လုပ်ဖော်ကိုင်ဖက်အမျိုးသမီးကို စနောက်ချင်စိတ်သက်သက်နဲ့ သူစားမယ့်အစာထဲ ကျားဟော်မုန်းထည့်လိုက်တာပါလို့ တရုတ်အမျိုးသားက ဆိုပေမယ့် အဲဒီအမျိုးသမီးမှာ ခန္ဓာကိုယ်အမွှေးအမှင် တွေထူထဲလာပြီး ပြင်းထန်တဲ့ အသည်းထိခိုက်မှု ဖြစ်ပေါ်လာခဲ့ပါတယ်။

လုပ်ဖော်ကိုင်ဖက်အမျိုးသမီးရဲ့ အစားအသောက်ထဲ ကျားဟော်မုန်းထည့်ခဲ့တဲ့ တရုတ်အမျိုးသားကို တရားရုံးက ထောင်ဒဏ် တစ်နှစ် သတ်မှတ်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လေ့လာဆန်းစစ်မှုအရ ဇူချွန်ဂျီက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးရဲ့ အစားအသောက်ထဲကို လူလုပ်စတီးရွိုက်တစ်မျိုးဖြစ်တဲ့ မီသိုင်း တက်စတိုစတီရုန်းကို ထည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဇူကတော့ ပြီးခဲ့တဲ့ မေလတုန်းကမရည်ရွယ်ဘဲ ပြုလုပ်ခဲ့မိတာပါလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ပြီးတော့ မီသိုင်းတက်စတိုစတီရုန်းကို အားဆေးအဖြစ် သူက မှီဝဲနေတာလို့ လျှောက်လှဲချက်ပေးခဲ့ပေမယ့် အမျိုးသမီးကတော့ အသေးစိတ်ရှင်းမပြဘဲ ဒါက လက်စားချေတဲ့ အပြုအမူလို့ ဆိုခဲ့ပါတယ်။

အဲဒီစားစရာစားပြီး အမျိုးသမီးဟာ ခန္ဓာကိုယ်မှာ အမွှေးတွေထူထဲလာပြီး အသံသြလာခဲ့ပါတယ်။ ရာသီလာတာ ရပ်သွားပြီး ဟော်မုန်းတွေကြောင့် ပြင်းထန်တဲ့ အသည်းထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ဇူက လွန်ခဲ့တဲ့ ခြောက်လတုန်းက သူစားမယ့်အစာထဲ စတီးရွိုက်ထည့်ခဲ့တယ်ဆိုတာကို တခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက စာတိုမက်ဆေ့ချ် ပို့ပေးရာမှာ အမျိုးသမီးက သိခဲ့တာပါ။ ဆေးရုံကိုသွားပြတဲ့အခါ သူ့ခန္ဓာကိုယ်ထဲမှာ ကျားဟော်မုန်းက ပုံမှန်ထက်ပိုများနေတာကို သိခဲ့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top