Healthy Life Ad
Life Style

သားလေးအတွက် မေမေ့မေတ္တာ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့မှာတော့ သောမတ်စ်အက်ဒီဆင်က ကျောင်းကနေ အိမ်ပြန်လာပြီး မိခင်ကို စာရွက်တစ်ရွက်ပေးလိုက်ပါတယ်။

“ဆရာမက ဒီစာရွက်ကို ပေးတယ် မေမေ၊ မေမေ့ကိုပဲပေးဖို့ ပြောလိုက်တယ်”

စာကို ခပ်ကျယ်ကျယ်အော်ဖတ်ပြီး အက်ဒီဆင်မိခင်က မျက်ရည်တွေတွေကျခဲ့ပါတယ်။

“ရှင့်သားက ပါရမီ့ရှင်တစ်ယောက်ပဲ။ ဒီကျောင်းက သူ့အတွက် နယ်ပယ်ကျဉ်းမြောင်းလွန်းလှတယ်၊ သူ့ကို လေ့ကျင့်ပျိုးထောင်နိုင်တဲ့ ဆရာကောင်းမရှိဘူး၊ ဒါကြောင့် သင်ကိုယ်တိုင်ပဲ သင်ပေးလိုက်ပါ”

အက်ဒီဆင်ရဲ့ မိခင်ကွယ်လွန်ပြီး နှစ်များစွာကြာခဲ့ချိန်မှာ အက်ဒီဆင်က အကြီးကျယ်ဆုံး တီထွင်ဖန်တီးသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

တစ်နေ့မှာတော့ ဗီရိုဟောင်းတစ်ခုထဲကနေ ခေါက်ထားတဲ့ စာရွက်အဟောင်းလေး တစ်ရွက်ကို တွေ့လိုက်ပါတယ်။ အဲဒီစာရွက်က သူ့မိခင်အတွက် ဆရာမက ပေးလိုက်တဲ့စာပါ။

စာကို ဖွင့်ဖတ်လိုက်တော့ –
“ရှင့်သားက မှတ်ဉာဏ်ချို့ယွင်းနေပါတယ်။ ဒါကြောင့် သူ့ကို ကျောင်းမထားပါနဲ့တော့။ သူ့ကို ကျောင်းထုတ်လိုက်ပါပြီ”တဲ့။

အက်ဒီဆင်က အဲဒီစာဖတ်ပြီး စိတ်လှုပ်ရှားစွာနဲ့ သူ့ဒိုင်ယာရီစာအုပ်ထဲမှာ ချရေးလိုက်တာက-
“မှတ်ဉာဏ်ချို့ယွင်းနေတဲ့ သောမတ်စ်အက်ဒီဆင်ကို ပါရမီ့ရှင်တစ်ဦးဖြစ်လာအောင် သူ့မိခင်က ပြောင်းလဲပေးခဲ့ပါတယ်”ဟူသတဲ့ . . ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top