Healthy Life Ad
Life Style

မေတ္တာကမ်းလက်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ ကျွန်တော့်ဖေဖေ ကွယ်လွန်တာ ၁၀ နှစ်ပြည့်ခဲ့ပြီပေါ့ . .

ကျွန်တော်ကလေးဘဝတုန်းက ကျွန်တော်အိပ်ချိန်ရောက်တိုင်း ဖေဖေက တေးသံတိုတိုလေး တစ်ပိုဒ် ဆိုပြလေ့ရှိတယ်။

ကျွန်တော့်အသက် ၁၈ နှစ်အရွယ်ရောက်ချိန်မှာ ဖေဖေက ကင်ဆာကို တွန်းလှန်နိုင်ဖို့ ဆေးရုံကုတင်ထက်မှာ လှဲလျောင်းနေခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဖေဖေ့ကို သီချင်းလေးတစ်ပုဒ်ဆိုပြရင်း ဝေဒနာတွေကို နှစ်သိမ့်ပေးခဲ့တယ်။

ညကျတော့ ကျွန်တော့်က တစ်ဖက်ကုတင်မှာ အိပ်မောကျသွားခဲ့တယ်။ တီးတိုးအသံလေးကြားလို့ လှည့်ကြည့်လိုက်တော့ ဖေဖေက ကျွန်တော့်ဘက်ကိုလှည့်ပြီး ငယ်ငယ်က ဆိုပြခဲ့တဲ့ တေးသွားလေး ညည်းနေခဲ့တယ်။

“ဖေဖေကလေးတုန်းက ဖေဖေ့အမေ ဆိုပြခဲ့တာ”လို့ ခပ်တိုးတိုးလေး ပြောရှာတယ်။

အော် . . ဖေဖေဟာ ဝေဒနာခံစားရချိန်မှာ မိခင်ကို သတိရနေရှာတာပဲ . .

အခုချိန်မှာတော့ ကျွန်တော်ဟာ သားငယ်ကို ဖေဖေဆိုပြခဲ့တဲ့ တေးသွားလေး တလှည့်ဆိုပြရင်း ဖေဖေပေးခဲ့တဲ့ မေတ္တာတရားကို ပြန်ဖြန့်ဝေပေးနေတဲ့အချိန်ပေါ့။

Most Popular

Healthy Life Ad
To Top