Healthy Life Ad
Life Style

အလှပြင်တဲ့အခါ လွဲမှားတဲ့ အချက်တွေလုပ်မိနေပြီလား . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မိန်းကလေးအများစု နေ့စဉ် လုပ်ဆောင်မိနေတဲ့ အလှအပဆိုင်ရာ အမူအကျင့်တွေက မှားယွင်းနေရင် ဘယ်လောက်ပဲ အချိန်ပေးပြီး အလှပြင်နေပါစေ၊ နုပျိုချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ လူအများ မှားယွင်း လုပ်ဆောင်မိတတ်တဲ့ အလှအပဆိုင်ရာ အကျင့်တွေကို အရေပြား အထူးကု ဆရာဝန်တွေက အကြံပေးထားပါတယ်။

မိတ်ကပ်မလိမ်းမီ နေကာခရင်မ်လိမ်းခြင်း
ဖောင်ဒေးရှင်းခရင်မ်မလိမ်းခင် နေကာခရင်မ် မလိမ်းသင့်ပါဘူး။ နေကာခရင်မ်ကို အရင်လိမ်းပြီး အိုမင်းမှုတားခရင်မ်၊ ပြီးမှ အစိုဓာတ်ထိန်းခရင်မ်၊ ပြီးမှ မိတ်ကပ်စသဖြင့်အဆင့်ဆင့်လိမ်းရင် နေကာနိုင်စွမ်းကို ထိခိုက်သွားစေနိုင်ပါတယ်။ နေကာခရင်မ် ပေါ်မှာ တခြားအလှကုန်တွေ ထပ်လိမ်းတာကြောင့် နေကာနိုင်စွမ်း (SPF)ကို ခွာချသလို ဖြစ်စေပြီး အသားအရေဟာ နေဒဏ်ကို ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး။ ဒီလိုလုပ်မယ့်အစား မိတ်ကပ်လိမ်းပြီးချိန်ကျမှသာ SPF အနည်းဆုံး အဆ ၃၀ ပါတဲ့ နေကာခရင်မ် ခပ်ပါးပါးအလွှာ သုတ်လိမ်းပေးရမှာပါ။

နေဒဏ် ကာကွယ်ရန် မိတ်ကပ်ထဲတွင် ပါသည့် SPF ကိုသာ အလေးထားနေခြင်း
SPF ပါတဲ့ ဖောင်ဒေးရှင်းခရင်မ် ဒါမှမဟုတ် မိတ်ကပ်တွေက နေဒဏ်ကို တကယ် မကာကွယ်နိုင်ပါဘူး။ ဒါပေမဲ့ လူအများစုက SPF ပါတဲ့ မိတ်ကပ်ကို လိမ်းပြီးရင် နေဒဏ်ကို အလုံအလောက်ကာကွယ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ တကယ်တော့ မိတ်ကပ်အများစုမှာပါတဲ့ SPF ကခရမ်းလွန်ရောင်ခြည်ဘီကိုပဲ ကာကွယ်နိုင်ပြီး အေကို မကာကွယ်နိုင်ပါဘူး။ ခရမ်းလွန်ရောင်ခြည်အေရောဘီပါ အရေပြားကင်ဆာဖြစ်နှုန်းကို မြင့်တက်စေပြီး အိုမင်းမှုကို တိုးစေနိုင်တာပါ။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အေနဲ့ဘီနှစ်မျိုးစလုံး ကာကွယ်နိုင်တဲ့ နေကာခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

ပိတ်စတစ်စဖြင့် ကြေးချွတ်သန့်စင်ခြင်း
မျက်နှာကို တဘတ်စနဲ့ သန့်စင်တာက အညစ်အကြေး၊ ဆီနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားနိုင်တဲ့ အကောင်းဆုံး နည်းလမ်း မဟုတ်ပါဘူး။ ပိတ်စမှာပါတဲ့ ဖိုင်ဘာမျှင်တွေက အသားအရေကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြီး အကာအကွယ်အလွှာကို ပွန်းပဲ့စေတဲ့အတွက် အရေးကြောင်းပါးပါး ဖြစ်ကာ အသားအရေ ခြောက် သွေ့စေပါတယ်။ ဒါကြောင့် မျက်နှာကို သင့်လက်နဲ့ပဲ ညင်ညင်သာသာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။

တိုနာ အမြဲပါဝင်ခြင်း
သင့်မှာ ဝက်ခြံမရှိရင်၊ သင်က အပျော့စား မျက်နှာသစ်ဆေး သုံးနေရင် တိုနာ (Toner) ကို အမြဲ မသုံးသင့်ပါဘူး။ တိုနာက အသားအရေသန့်စင်ပြီး ချွေးပေါက်ကျဉ်းစေတာ မှန်ပေမယ့် အသားအရေကို အလွန်အမင်း ခြောက်သွေ့သွားစေနိုင်ပါတယ်။ သင့်အသားအရေက သိသိသိသာသာ အဆီပြန်နေရင်တော့ တိုနာကို ပုံမှန်သုံးသင့်ပါတယ်။

အလွန်အမင်း သန့်စင်ခြင်း
အဆီပြန်တဲ့ အသားအရေက အလွန်အမင်း ဆိုးလှတာ မဟုတ်ပါဘူး။ မျက်နှာအရေပြားက ထွက်တဲ့ သဘာဝအဆီဓာတ်က အသားအရေရဲ့ အကာအကွယ်အလွှာကို တည်ဆောက်ပေးနေတာကြောင့်ပါ။ မျက်နှာသစ်ပြီး ခပ်တင်းတင်းဖြစ်သွားရင် သဘာဝအဆီဓာတ်တွေ ကင်းစင်သွားတာဖြစ်လို့ အပျော့စား ဆပ်ပြာသုံးပြီး သန့်စင်သင့်ပါတယ်။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်ကို ပြန်လိမ်းပေးပါ။ ဒါ့အပြင် မျက်နှာကို မနက်နဲ့ ည တစ်နေ့နှစ်ကြိမ်ပဲ သန့်စင်ပေးသင့်ပါတယ်။

Acetone အခြေခံဆေးရည်ဖြင့် လက်သည်းနီ ဖျက်ခြင်း
Acetone အခြေခံလက်သည်းဖျက်ဆေးတွေ မှာ ကြမ်းတမ်းတဲ့ ပါဝင်ပစ္စည်းတွေပါတာကြောင့် လက် သည်းနဲ့ အနားတစ်ဝိုက် အရေပြားကို ခြောက်သွေ့သွားစေနိုင်ပါတယ်။ ဒီခြောက်သွေ့မှုကြောင့် လက် သည်းကို အားပျော့ကာ ကျိုးပြတ်သွားစေနိုင်ပါတယ်။ ဒါကြောင့် အဆီတုန်းမပါဘဲ ပျော့ပျောင်းတဲ့ အီသိုင်း အဆီတိတ်၊ အိုက်ဆိုပရိုပိုင်း အယ်လ်ကိုဟော၊ ပရိုပိုင်လင်းကာဗွန်နိတ်တို့ ပါတဲ့ လက်သည်းဖျက်ဆေးကိုပဲ သုံးသင့်ပါတယ်။

အိုင်းခရင်မ်ကို မရှိမဖြစ်ဟု စဉ်းစားခြင်း
အိုင်းခရင်မ်ကို သုံးတာကြောင့် အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ အိုင်းခရင်မ်မဝယ်ဖြစ်ရင် မျက်ဝန်းတစ်ဝိုက်ကို ရေနံဂျယ်လီ ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။

အနံ့မွှေးလွန်းသော လိုးရှင်းများ လိမ်းခြင်း
သင့်မျက်နှာကို နှင်းဆီပန်းပွင့်လို မွှေးပျံ့နေစေချင်လို့ အနံ့သင်းတဲ့ လိုးရှင်းတွေလိမ်းရင် အသားအရေကို ဓာတ်မတည့်မှုနဲ့ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အသားအရေကို ထိခိုက်မှုအ နည်းဆုံးဖြစ်စေမယ့် အနံ့မပါ၊ ဆာလဖိတ်နဲ့ ပါရာဘန်ကင်းတဲ့ လိုးရှင်းကို ရွေးချယ်သင့်ပါတယ်။

အိုမင်းမှုတား သန့်စင်ဆေးကို ယုံကြည်လွန်းခြင်း
မျက်နှာမှာ အရေးကြောင်းပါးပါး စပေါ်တာနဲ့ ဘာအလှကုန်ပဲသုံးသုံး အိုမင်းမှုတားဆီးပေးတဲ့ Anti-aging အညွှန်းကိုပဲ လိုက်ရှာဝယ်နေတတ်ပါသလား။ တကယ်တော့ မျက်နှာသစ်ဆေးဆိုရင် မျက်နှာပေါ်မှာ ခြောက်စက္ကန့်လောက်ပဲ ကြာတာဖြစ်တဲ့အတွက် အိုမင်းမှုတားပေးတဲ့ မျက်နှာသစ်ဆေး ဆိုရင် အာနိသင်ရှိမှာ မဟုတ်ပါဘူး။ အိုမင်းမှုတားပေးတဲ့ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် ညလိမ်းရက်တီနောခရင်မ်ကို တွဲဖက်သုံးပါ။

ရက်တီနော အသုံးများလွန်းခြင်း
ရက်တီအေနဲ့ ရက်တီနော ပါတဲ့ လိမ်းဆေးတွေက အရေပြားမှာ ကော်လာဂျင်ထွက်နှုန်းတိုးစေပြီး အပြစ်အနာအဆာတွေကို အနာကျက်စေကာ အရေးကြောင်း လျော့ပါးစေပါတယ်။ ဒါပေမယ့် အသင့်အတင့် ပမာဏပဲ သုံးသင့်တာပါ။ ပဲစေ့အရွယ်ထက် ပိုများများလိမ်းရင် အသားအရေကို အလွန်အမင်း ခြောက်သွေ့စေနိုင်ပါတယ်။

အယ်လ်ကိုဟောပါသည့် ဆံပင်ဖျန်း စပရေးဖြင့် ပုံသွင်းခြင်း
စေးကပ်တဲ့ ဆံပင်ဖျန်းစပရေးတွေက ဆံပင်ကိုပုံကျစေတာမှန်ပေမယ့် ဆံပင်သားကို အချိန်ကြာကြာ အားနည်းထိခိုက်နေစေနိုင်ပါတယ်။ အယ်လ်ကိုဟောပါဝင်မှုများတဲ့အတွက် ဆံပင်ခြောက်သွေ့ပြီး ကြွပ်ဆတ်ရတာပါ။

မျက်နှာမသစ်ဘဲ အိပ်စက်ခြင်း
ညဘက်မှာ မိတ်ကပ်နဲ့ ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။ မျက်နှာကို မသန့်စင်ဘဲ အိပ်ရာဝင်ရင် အလှကုန်ပစ္စည်းတွေက ချွေးပေါက်ပိတ်စေပြီး ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top