Healthy Life Ad
Health Tips

ကျန်းမာသက်ရှည်လိုလျှင် ဇိမ်သိပ်မယူသင့်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့တာအတွင်း ထိုင်လိုက်၊ လှဲလိုက်၊ အိပ်လိုက်၊ စားလိုက်နဲ့ ဇိမ်ယူနေရင် ခန္ဓာကိုယ် သွေးလှည့်ပတ်မှုမကောင်းဘဲ ကိုယ်အလေးချိန်များလာနိုင်ပါတယ်၊ သွေးတွင်းအဆီမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ဇိမ်သိပ်မယူဘဲ အထိုင်နည်းပြီး လှုပ်ရှားမှုများတဲ့ နေထိုင်မှုပုံစံဖြစ်စေဖို့ တစ်နေ့တာကို ပုံစံပြောင်းကြည့်ရအောင်။

– မတ်တပ်ရပ်ကာ ဖုန်းပြောပါ
နေရာမှာတင်ထိုင်ပြီး ဖုန်းပြောမယ့်အစား လမ်းလျှောက်ပြီး ဖုန်းပြောပေးပါ။

– အစာစားပြီးတိုင်း လမ်းလျှောက်ပါ
နေ့လယ်စာလို ထမင်းစားပြီးချိန်မှာ လမ်းလျှောက်ပေးပါ။ အစာစားပြီးချိန်မှာ သွေးကြောထဲ အဆီပမာဏ အမြင့်မားဆုံး ဖြစ်နေတတ်တာကြောင့် ထမင်းစားပြီး လမ်းလျှောက်တာက ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

– စားသောက်ဆိုင်တွင် ခုံရှည်ထိုင်ခုံဖြင့် ထိုင်ပါ
အအေးဆိုင်တွေမှာ ထိုင်တဲ့အခါထိုင်ရင်း မတ်မတ်ရပ်ထားနိုင်တဲ့ ခုံရှည်နဲ့ ထိုင်ပါ။

– လုပ်ဖော်ကိုင်ဖက်ချင်းတွေ့ဆုံ စကားပြောပါ
လုပ်ဖော်ကိုင်ဖက်နဲ့အလုပ် အကြောင်းပြောတဲ့အခါမှာ အီးမေးသုံးတာ၊ ဖုန်းခေါ်တာမျိုးထက် သူ့အလုပ်စားပွဲဆီကို သွားပြီး အလုပ်အကြောင်း ဆွေးနွေးပါ။

– လုပ်ငန်းခွင်တွင် နေရာကျယ် ကျယ်ယူပါ
လုပ်ငန်းခွင်မှာ ကိုယ့်နေရာ ကကျယ်နေမှသာ ခန္ဓာကိုယ် ကိုလိုသလို လှည့်နိုင်မှာ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top