Healthy Life Ad
Life Style

ထိရောက်အရေးပါသည့် အလှအပ ထိန်းသိမ်းနည်း ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

မိန်းကလေးတိုင်း လှပပြီး ဆွဲဆောင်မှုရှိချင်ကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ အမြဲတမ်းလှပကြည့် ကောင်းနေစေဖို့ ငွေကုန်ကြေးကျမများတဲ့ နည်းလမ်းကောင်းတွေရှိနေပါတယ်။ အဲဒါတွေကို အခုနှစ်သစ်က စပြီး လုပ်ကြည့်ကြပါစို့။

(၁) မျက်နှာလန်းဆန်းစေမည့် ဆားရေ
ဆားရေဟာ မျက်နှာဖောင်းအစ်နေတာကို လျော့ကျစေပြီး မျက်နှာကို လန်းဆန်းကြည့်ကောင်းစေပါတယ်။ ရေထဲမှာ ဆားအနည်းငယ်ထည့်ပြီး တဘက်နှစ်ကာ မျက်နှာပေါ် ၁၀ မိနစ်ခန့် တင်ထားလိုက်ပါ။

(၂) နှုတ်ခမ်းသား ပြည့်တင်းစေမည့် အဆီ
သံလွင်ဆီ ဒါမှမဟုတ် ဗာဒံစေ့ဆီကို နှုတ်ခမ်းသားမှာ သုတ်လိမ်းလိုက်ပါ။ ပြီးရင် နူးညံ့ပျော့ပျောင်းတဲ့ သွားတိုက်တံနဲ့ နှုတ်ခမ်းသားကို အချိန်တစ်မိနစ်ခန့် ညင်ညင်သာသာ ပွတ်တိုက်ပေးရပါမယ်။ ဒါဆိုရင် ဆွဲဆောင်မှုရှိရှိ ပြည့်တင်းတဲ့ နှုတ်ခမ်းသားကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

(၃) အသားအရေကြည်လင်စိုပြည်စေမည့် သံလွင်ဆီ
မျက်နှာကို သံလွင်ဆီလိမ်းပြီး နှိပ်နယ်ပေးတာကြောင့် အသားအရေကြည်လင်နူးညံ့ကာ ချောမွေ့စေပါတယ်။ အရင်ဆုံး မျက်နှာကို ရေနွေးငွေ့လှုံ့ ပေးပါ။ ပြီးရင် သံလွင်ဆီ လိမ်းပြီး ၇ မိနစ်ခန့် နှိပ်နယ်ပေးပါ။ အကောင်းဆုံး ရလဒ်ရဖို့ ၄-၅ရက်တစ်ခါ ထပ်မံ လုပ်ဆောင်ပေးရပါမယ်။

(၄) ရောင်ရမ်းမှုလျော့ကျပြီး ဝက်ခြံကင်းစေမည့် ပျားရည်
မျက်နှာပေါ်မှာ ဝက်ခြံတွေ ရှိနေရင် (အထူးသဖြင့် ပွဲတက်ရမယ့်နေ့မတိုင်ခင်) ဝက်ခြံတွေကို ဖယ်နိုင်မယ့် အမြန်နည်းရှိပါတယ်။ ပျားရည်ကို ဝက်ခြံဖုပေါ် သုတ်လိမ်းပြီး အချိန် ၁၅ မိနစ်လောက် ထားပေးရမှာပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းက ဝက်ခြံဖုအရွယ်အစားကို လျော့ကျစေတာကြောင့် မိတ်ကပ်နဲ့အလွယ်တကူ ဖုံးအုပ်နိုင်သွားပါတယ်။

(၅) မျက်နှာအဖုအပိမ့်များ လျော့ကျစေမည့် မျက်စဉ်းဆေး
မျက်စဉ်းဆေးကို သုံးပြီး စူထွက်နေတဲ့ ဝက်ခြံဖုတွေကို ဖယ်ရှားနိုင်မယ့် နောက်တစ်နည်းရှိပါတယ်။ အဲဒါကတော့ နီမြန်းမှုလျော့ကျစေတဲ့ မျက်စဉ်းဆေးထဲ ဝါဂွမ်းစနှစ်ပြီး ရေခဲသေတ္တာထဲ ၃-၅ မိနစ် လောက်ထည့်ပါ။ ပြီးရင် အဲဒီဝါဂွမ်းစကိုယူပြီး ရောင်ရမ်းနေတဲ့ အဖုအပိမ့်တွေပေါ် ကပ်ပေးပါ။ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

(၆) သဘာဝ မိတ်ကပ်ဖျက်ဆေး
ဖန်ခွက်တစ်ခုထဲမှာ ရေသန့် သုံးဆ၊ သံလွင်ဆီ ဒါမှမဟုတ် အုန်းဆီ တစ်ဆရောပြီး သမအောင် မွှေပေးပါ။ အဲဒီရေနဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်ပေးပါ။

(၇) အသားအရေကို ကြေးချွတ်ပေးမည့် ဆော်ဒါမှုန့်
အိမ်တွင်း ကြေးချွတ်နည်းကို အလွယ်တကူ လုပ်နိုင်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲမှာ ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရေ ထမင်းစားဇွန်း တစ်ဇွန်းတို့ ထည့်ပြီး စေးပျစ်တဲ့အထိ မွှေပေးပါ။ ပြီးရင် အရေပြားပေါ် လိမ်းပြီး ငါးမိနစ်ခန့် ထားလိုက်ပါ။ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။

(၈) မျက်ကွင်းညိုခြင်း သက်သာစေမည့် ဆော်ဒါမှုန့်
ရေနွေး ဒါမှမဟုတ် လက်ဖက်ရည်တစ်ဖန်ခွက်ထဲ ဆော်ဒါမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး သမအောင် မွှေပါ။ အဲဒီအရောအနှောထဲ ဝါဂွမ်းစနှစ်ပြီး မျက်ဝန်းတစ်ဝိုက် သုတ်လိမ်းပေးပါ။ အချိန် ၁၀-၁၅ မိနစ်လောက်ထားပြီး ဆေးကာ အစိုဓာတ် ထိန်းခရင်မ်လိမ်းပါ။ ဒီနည်းလမ်းကို နေ့စဉ် ထပ်ခါထပ်ခါ လုပ်ပေးရင် မျက်ကွင်းညိုတာနဲ့ မျက်အိတ် ဖောင်းတာလျော့ကျပြီး သိသိသာသာ ကြည့်ကောင်း နေပါလိမ့်မယ်။

(၉) ဆံပင်တောက်ပြောင်သန်စွမ်းစေမည့် ငှက်ပျောသီး
ပါဝင်ပစ္စည်းတွေက ငှက်ပျောသီး တစ်လုံး၊ ကြက်ဥတစ်လုံး၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း နဲ့ ဘီယာ ဖန်ခွက်တစ်ဝက်ပဲ ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေအားလုံးကို ပန်းကန်လုံးတစ် လုံးထဲထည့်ပြီး သမအောင် မွှေပါ။ ပြီးရင် ဆံပင် သားအနှံ့ သုတ်လိမ်းပြီး နှစ်နာရီလောက် ထားပါ။ ကြက်သီးနွေးရေနဲ့ ဆေးပါ။ ဒီပေါင်းတင်နည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးမယ်ဆိုရင် ဆံပင်သား သန်စွမ်းတောက်ပသွားမှာ ဖြစ်ပါတယ်။

(၁၀) မျက်တောင်သန်စွမ်းစေမည့် အုန်းဆီ
အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ လာဗန် ဒါဆီ ၂-၄စက်ကို ပေါင်းစပ်ပြီး နားကြပ်တံလေးနဲ့ တို့ကာ မျက်တောင်ပေါ် သုတ်လိမ်းပေးပါ။ တစ်ပတ် မှာ အနည်းဆုံး သုံးကြိမ် ပြုလုပ်ပေးရင် မျက်တောင် ထူထဲတောက်ပလာပါလိမ့်မယ်။ အုန်းဆီ အစား ကြက်ဆူဆီ သုံးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top