Healthy Life Ad
Health Tips

နေ့ရက်တိုင်း နုပျိုစွာဖြတ်သန်းနိုင်စေမည့် သဘာဝအစာများ

၊ လရိပ်မေ ၊

အသားအရေ ခြောက်သွေ့မှုကင်းပြီး အရေးကြောင်းတွေပျောက်စေဖို့ သဘာဝအစာတွေလိုအပ်ပါတယ်။

– သကြား
သကြားစားတာကိုလျှော့ပါ။ ဒါပေမဲ့ သကြားကို မျက်နှာပေါင်းတင်ရာမှာ အသုံးပြုပေးရင် အကျိုးရှိပါတယ်။ သကြားမှာ သဘာဝကြေးချွတ်အာနိသင်ရှိပါတယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးနိုင်ပါတယ်။ အခုလိုဆောင်းတွင်းကာလမှာ သကြားကိုကြေညက်အောင်ကြိတ်ချေပြီး သံလွင်ဆီအနည်းငယ် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သမအောင်မွှေကာ မျက်နှာအသားအရေပေါ် သုတ်လိမ်းပေးပါ။ နာရီဝက်လောက်ကြာမှ ရေဆေးချလိုက်ပါ။

– သင်္ဘောသီး
သင်္ဘောသီးမှာ ဗီတာမင်စီပါဝင်မှုများတယ်ဆိုတာ သင်သိပါသလား။ ဗီတာမင်စီက အရေပြား ကော်လာဂျင်ထုတ်လုပ်မှုကို အားကောင်းစေပြီး အသားအရေ၊ ဆံပင်နဲ့လက်သည်းခြေသည်းတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ သင်္ဘောသီးမှာပါတဲ့ အစွမ်းထက်အင်တီအောက်ဆီးဒင့်ဗီတာမင်စီဟာ အသားအရေကို ဖရီးရယ်ဒီကယ်တွေကြောင့် ထိခိုက်မှုလျော့နည်းစေပြီး အိုမင်းမှုလက္ခဏာတွေကို ကင်းစင်စေပါတယ်။

ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းမှုနဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်မှုတွေကို ဗီတာမင်စီက တွန်းလှန်ပေးပါတယ်။ သင်္ဘောသီးအနှစ်ကို အသားအရေပေါ်လိမ်းပေးရင် အရေပြားရဲ့အပေါ်ယံအလွှာထဲ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်ရောက်ရှိစေပါတယ်။ ဒါ့အပြင် သင်္ဘောသီးစားပေးရင်လည်း အသားအရေ ကျန်းမာလှပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top