Healthy Life Ad
Health Tips

အပူဒဏ်ကို တွန်းလှန်ပေးနိုင်သည့် ယောဂကျင့်စဉ်

ကိုထက်
အပူဒဏ်ခံနိုင်စေမယ့် ယောဂကျင့်စဉ်တွေကို ကျင့်ကြည့်ရအောင်။

(၁) တောင်တန်းဘေးစောင်းကျင့်စဉ်
ကြမ်းပြင်ပေါ် မတ်မတ်ရပ်ပြီး ခြေချောင်းတွေ ကိုဖြန့်ထားပါ။ ပြီးရင် တင်ပါးအရိုးကို မြှင့်ပြီး တင်ပဆုံကြွက်သားတွေကို တည်ငြိမ်အောင်ထားပါ။ လက်မောင်းတွေကို ဦးခေါင်းအထက်မြှင့်ပြီး လက်ဖဝါးနှစ်ခုကိုယှက်ပါ။ အသက်ရှူသွင်းပြီး ဘေးဘက်ကို စောင်းလိုက်ပါ။ ပြီးရင် အသက်ရှူထုတ်ပြီး နဂိုအတိုင်းပြန်နေပါ။ ခန္ဓာကိုယ်ကို နောက်တစ်ဖက် ပြန်စောင်းကာ ဒီနည်းအတိုင်း လုပ်ပေးပါ။

(၂) တံခါးပုံစံကျင့်စဉ်
ကြမ်းပြင်ပေါ် ရပ်ပြီး ညာခြေကို ညာဘက်ဆန့်ထုတ်ပါ။ ပြီးရင် ဘယ်ဒူးကို ဘယ်ဘက်တင်ပါး အောက်ဆန့်ထုတ်ကာ ဘယ်ဘက်ကို ဦးခေါင်းပေါ်ကနေ ဆွဲဆန့်ပေးပါ။ ခန္ဓာကိုယ်ဟန်ချက်ညီမျှစေဖို့ ညာလက်ကို သုံးပြီး ညာဘက်ခြေထောက်ကို ထိန်းထားပါ။

(၃) ထိုင်ခုံပုံစံကျင့်စဉ်
ဒူးနဲ့ ခြေထောက်ကို အဖြောင့်ထားပြီး မတ်မတ်ရပ်ပါ။ အသက်ရှူသွင်းပြီး ဒူးတွေကိုကွေးကာ ဘယ်ဘက်လက်ကို မြှင့်ပါ။ ပြီးရင် အသက်ရှူထုတ်ပြီး ညာဘက်လက်နဲ့ ကြမ်းပြင်ကိုထောက်လိုက်ပါ။

(၄) ခန္ဓာကိုယ်မြှင့်တင်ကျင့်စဉ်
ခြေနှစ်ချောင်းကို အနည်းငယ်ခြားပြီး ဒူးတွေ ကိုကွေးလိုက်ပါ။ ပြီးရင် ဒူးတွေကို တင်ပါးဆီဆွဲမြှင့်ပြီး လက်နှစ်ဖက်က ဒူးတွေပေါ်ထောက်လိုက်ပါ။ ပြီးရင် ဦးခေါင်းကို အနည်းငယ်လိမ်ကာ မြှင့်ကြည့်ပါ။

Most Popular

Healthy Life Ad
To Top