Healthy Life Ad
Life Style

နုပျိုသောအသွင်ကို ချက်ချင်းရရှိစေရန်

၊ ငွေကြယ်စင်ယံ ၊

နုပျိုလန်းဆန်းတဲ့အသွင်ကို ချက်ချင်းရရှိစေဖို့ အောက်ပါအလွယ်နည်းတွေကို လိုက်နာလိုက်ပါ။

– ပြုံးပါ
ပြုံးတာက သင့်ကိုပိုပျော်ရွှင်ဟန်ရှိစေပြီးနုနယ်တဲ့ အသွင်ရစေပါတယ်။ ပွင့်လင်းတဲ့အပြုံးရှိတဲ့လူတွေက ခပ်တည်တည်နေတဲ့သူတွေထက် ပိုနုငယ်တဲ့အသွင်ပေါ်စေပါတယ်။

– ပက်လက်လှန်အိပ်ပါ
အိပ်ရေးဝ၀ အိပ်စက်အနားယူတာက အသားအရေလှပစေပါတယ်။ အိပ်တဲ့အခါမှောက်အိပ်ရင် မျက်နှာမှာ ခေါင်းအုံးအစင်းရာတွေထင်ပြီး အရေးကြောင်းဖြစ်နိုင်ခြေများပါတယ်။ ပက်လက်လှန်ပြီး အိပ်တာက မျက်နှာတစ်သျှူးတွေဆီကို အရည်စုဆောင်းရောက်ရှိမှုမဖြစ်အောင် ကာကွယ်ပေးထားနိုင်တာကြောင့် မျက်နှာဖောင်းအစ်မနေစေပါဘူး။ ဒါကြောင့် ပက်လက်လှန်ပြီးအိပ်ပါ။

– ခြေထောက်ကိုမြှင့်ထားပါ
စာအုပ်ဖတ်တဲ့အခါမှာ ခြေထောက်တွေကို နှလုံးအထက် မြင့်တဲ့နေရာဆီကို မြှင့်ထားပေးပါ။ ဒီလို လုပ်တာကခြေထောက်မှာ စုနေတဲ့သွေးတွေကို နှလုံးဆီရောက်ရှိသွားစေပါတယ်။ ပိုပြီးအဆင်ပြေအောင် နံရံနားမှာကပ်ပြီး ခြေဖနောင့်ကို နံရံနားကပ်ကာ ထောင်ထားပါ။ အနည်းဆုံးသုံးမိနစ်လောက်နေပါ။

– မတ်မတ်ရပ်ပါ
ခေါင်းကိုအထက်မြှင့်ပြီး မတ်မတ်ရပ်တာ၊ မတ်မတ်ထိုင်တာနဲ့ မေးစေ့ကို မြှင့်ထားတာတွေက နုပျိုငယ်ရွယ်တဲ့ပုံစံကို ဖြစ်စေပါတယ်။

– ဆံပင်တောက်ပအောင်ပြုပြင်ပါ
ဆံပင်တွေကို အခြောက်ခံတဲ့အခါ လေမှုတ်စက်မသုံးဘဲ သဘာဝအတိုင်း အခြောက်ခံတာ အကောင်းဆုံးပါ။ လေမှုတ်စက်သုံးမယ်ဆိုရင် ဆံပင်တွေကို သံလွင်ဆီလိမ်းပြီးမှ အခြောက်ခံပါ။

– ဆံပင်ညှပ်ပါ
ဆံပင်ကို မေးစေ့နဲ့ ပခုံးနေရာကြားလောက်အထိပဲ အရှည်ထားပေးတာက ဆံပင်တွေကို ထူထဲတယ်လို့ထင်ရစေပြီး ငယ်နုတဲ့အသွင်ရစေပါတယ်။

– ဘရာစီယာ အသစ်ဝယ်ပါ
ကျွမ်းကျင်တဲ့သူတစ်ဦးနဲ့တွေ့ဆုံပြီး ရင်သားပုံစံကို ပင့်တင်ပေးနိုင်မယ့် ဘရာစီယာကိုဝယ်ယူပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top