Healthy Life Ad
Life Style

မိတ်ဆွေသူငယ်ချင်းကောင်းရှိခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး

မိတ်ဆွေသူငယ်ချင်းရှိတာက သင်ရဲ့ စိတ်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ သူငယ်ချင်းနဲ့အတူ ပျော်ရွှင်ကြည်နူးတာ၊ အပြင်ထွက်တာနဲ့ စကားစမြည်ပြောတာတွေလုပ်ရုံနဲ့တင် ကျန်းမာရေးအတွက် အများကြီး အထောက် အကူဖြစ်နေပါပြီ။

– အားကစားခန်းမမှာ လေ့ကျင့်ခန်းအတူလုပ်ပါ။ ဒါမှမဟုတ်လူမှုရေးအဖွဲ့အစည်းတွေမှာ စေတနာ့ ဝန်ထမ်းလုပ်ပါ။ ဒါက သူငယ်ချင်းမိတ်ဆွေအသစ်တွေနဲ့တွေ့ဆုံဖို့ အလွယ်ဆုံးနည်းတစ်ရပ် ဖြစ်ပါတယ်။

– သင့်အလုပ်ခွင် ဒါမှမဟုတ် အနီးအနားပတ် ဝန်းကျင်မှာ သင်စကားစမြည်ပြောကာ အပေါင်းအသင်းဖြစ်မယ့် အဖော်ကိုရှာပါ။

– သူငယ်ချင်းကိုရှာဖွေပါ။ တချို့လူတွေက အထီးကျန်တာနဲ့ နာမကျန်းတာတွေ ဖြစ်နေတတ်ပါ တယ်။ သူတို့နဲ့ ပေါင်းဖော်တာနဲ့ လိုအပ်နေတဲ့ အကူအညီကိုပေးလိုက်တာက စိတ်ကျန်းမာချမ်းသာစေပါတယ်။

– ဖုန်းခေါ်ပါ။ အဝေးမှာ ရောက်နေတဲ့ မိတ်ဆွေ သူငယ်ချင်း၊ အပေါင်းအဖော်နဲ့ မိဘတွေဆီကို ဖုန်းခေါ်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top