Healthy Life Ad
Life Style

အခြေခံ မိတ်ကပ်လိမ်းနည်း လမ်းညွှန်(၄)

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသားအရေ အမျိုးအစားအလိုက် ပါးနီရွေးချယ်ခြင်း

– အသားဖြူလျှင်

ပန်းရောင်အဖျော့၊ လိမ္မော်ရောင်၊ မက်မွန်သီးရောင် ပါးနီတွေနဲ့လိုက်ပါတယ်။

– အသားလတ်လျှင်

ပန်းရောင်အရင့်၊ ပန်းရောင်အဖျော့၊ မက်မွန်သီးရောင်တောက်တောက်တွေနဲ့လိုက်ပါတယ်။

– အသားညိုလျှင်

ပန်းရောင်အရင့်တောက်တောက်၊ အညိုရောင်နုနု၊ လိမ္မော်ရောင်ရင့်ရင့်တွေနဲ့လိုက်ပါတယ်။

မျက်နှာပုံစံပေါ်မူတည်ပြီး ပါးနီခြယ်ရအောင် . . .


– ရှည်တဲ့ မျက်နှာပုံစံရှိလျှင်

မျက်နှာပုံစံကရှည်ရင် ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ပေးမှ မျက်နှာကပိုကြည့်ကောင်းသွားမှာပါ။


– စိန်ပုံ မျက်နှာပုံစံရှိလျှင်

မျက်နှာပုံစံက စိန်ပုံဆိုရင် ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ပေးရပါမယ်။


– နှလုံးပုံ မျက်နှာပုံစံရှိလျှင်

မျက်နှာပုံစံ သွယ်သွားစေဖို့ ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ပေးရမှာပါ။


– ဘဲဥပုံ မျက်နှာပုံစံရှိလျှင်

ဘဲဥပုံမျက်နှာပုံစံရှိရင် ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ရပါမယ်။


– လုံးဝိုင်းတဲ့ မျက်နှာပုံစံရှိလျှင်

မျက်နှာပုံစံက လုံးဝိုင်းရင် ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ပေးမှ မျက်နှာသွယ်သွားမှာပါ။


– လေးထောင့်ပုံ မျက်နှာပုံစံရှိလျှင်

မျက်နှာပုံစံက လေးထောင်ပုံရှိရင် ပုံမှာပြထားတဲ့အတိုင်း ပါးနီခြယ်ပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top