Healthy Life Ad
Life Style

ကျောက်ကပ်ရောဂါရှိသူတို့အတွက် အငန်ပေါ့သော ဟင်းလျာချက်ပြုတ်ရာတွင် ထည့်သင့်သည့် ဟင်းခတ်အမွှေးအကြိုင်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

အငန်ပေါ့သော ဟင်းအမျိုးမျိုးအတွက် သုံးသင့်သော အနံ့အရသာတိုးစေသည့် ဟင်းခတ်အမွှေးအကြိုင်များ
အမဲသားချက်မယ်ဆိုရင် ကရဝေးရွက်၊ ငရုတ်ကောင်း၊ ဖာလာစေ့၊ တရုတ်မဆလာ၊ ဟင်းမွှေးမဆလာ၊ ငရုတ်သီးစိမ်း၊ ချင်း (ဂျင်း)၊ မုန်လာစေ့၊ သင်္ဘော ဒန့်သလွန်စေ့၊ ငရုတ်ကောင်းစေ့၊ စမုန်စပါး စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးပါ။

ကြက်သားချက်မယ်ဆိုရင် တရုတ်မဆလာ၊ ဇီယာစေ့၊ ကြက်သွန်ဖြူ၊ အရောင်တင်ပန်းငရုတ်မှုန့်၊ တရုတ်နံနံ၊ ကြက်သွန်နီဥကလေး စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးပါ။
ငါးချက်မယ်ဆိုရင် ပင်စိမ်းလတ်လတ်ဆတ်ဆတ်၊ ငရုတ်သီးစိမ်း၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ စမြိတ်ပင်၊ စမုန်နက်၊ ချင်း (ဂျင်း)ထောင်းထားတဲ့ ငရုတ်သီး၊ ချင်း(ဂျင်း)၊ အရောင်တင်ပန်းငရုတ်မှုန့်၊ တရုတ်နံနံ၊ အင်္ဂလိပ်မဆလာပင်၊ ကြက်သွန်နီဥသေးစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးပါ။

ဆန် (ထမင်း)ချက်မယ်ဆိုရင် ဇီယာစေ့၊ ဇာဖရန်၊ လတ်ဆတ်တဲ့ ပူဒီနာ(ပူစီနံ)၊ ရှလကာရည် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးပါ။

ဟင်းသီးဟင်းရွက်ချက်မယ်ဆိုရင် လေးညင်းပွင့်၊ ဇီယာစေ့၊ ဇာဒိဗ္ဖိုလ်သီး၊ စမြိတ်ပင်၊ ငရုတ်ကောင်း အရောင်တင်ပန်းငရုတ်မှုန့်၊ တောရှုံးပင် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top