Healthy Life Ad
Health Tips

ဆိတ်နို့ သောက်သင့်သလား . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

နွားနို့နဲ့ မတည့်တဲ့သူတွေက ဆိတ်နို့သောက်သင့်သလားဆိုတာကို သိလိုကြပါတယ်။ ဒါကြောင့် ဆိတ်နို့မှာ ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ပါဝင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဆိတ်နို့က အရိုးတွေကို သန်စွမ်းစေပါတယ်
နွားနို့လိုပဲ ဆိတ်နို့မှာလည်း ကယ်လ်ဆီယမ် ပါဝင်မှုများပါတယ်။ ကယ်လ်ဆီယမ်က သွားတွေကို သန်စွမ်းစေပြီး အထူးသဖြင့် အရိုးတွေကို သန်မာစေပါတယ်။ ဆိတ်နို့နဲ့ တခြားကယ်လ်ဆီယမ် ပါဝင်မှု မြင့်မားတဲ့ အစာတွေက အရိုးပါးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်
ဆိတ်နို့ထဲမှာပါဝင်တဲ့ ဖက်တီးအက်ဆစ်က နွားနို့မှာပါတဲ့ ပမာဏထက် နှစ်ဆပိုများတယ်လို့ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။ ဆိတ်နို့က မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ မ ကောင်းတဲ့ ကိုလက်စထရောဟာ နှလုံးရောဂါ၊ နှလုံးရောဂါအမောဖောက်ခြင်းနဲ့ လေဖြတ်ခြင်းတွေကို လျော့ကျစေပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုကို အားကောင်းစေပါတယ်
ကလေးတွေကို ဆိတ်နို့တိုက်ဖို့ ဆရာဝန် အများစုက တိုက်တွန်းအားပေးပါတယ်။ နွားနို့နဲ့ယှဉ်ရင် ဆိတ်နို့မှာ ကလေးသူငယ်တွေ ကြီးထွားဖွံ့ဖြိုးရေး အတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ များများ ပါဝင်နေလို့ ဖြစ်ပါတယ်။

လက်တို့စ်ပါဝင်မှု နည်းပါတယ်
နွားနို့သောက်ပြီး ဗိုက်နာတာ၊ လေပွတာ၊ ဝမ်းပျက်တာတွေ ခံစားနေရပါသလား။ ဒါက သင့်ခန္ဓာကိုယ်ဟာ နွားနို့မှာပါတဲ့ လက်တို့စ်ကို ကောင်းကောင်း မချေဖျက်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နွားနို့မှာထက် ဆိတ်နို့မှာ လက်တို့စ်ပါဝင်မှု အလွန်နည်းပါးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဝမ်းဗိုက် ကျန်းမာစေပါတယ်
ဆိတ်နို့က သင့်အူလမ်းကြောင်းအတွက် သင့်တော်ပါတယ်။ ဆိတ်နို့ဟာ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ပွားများစေပြီး မကောင်းတဲ့ ပိုးမွှားတွေကို တွန်းလှန်ပေးပါတယ်။ ဆိတ်နို့မှာပါတဲ့ အိုလီဂိုဆက်ခရိုက်တွေက ဝမ်းဗိုက်ကို အကျိုးပြုပါတယ်။

ကိုယ်ခံအားစနစ်ကို သန်စွမ်းစေပါတယ်
ဆိတ်နို့မှာ ဗီတာမင်နဲ့ သတ္တုဓာတ် များများပါဝင်တဲ့အတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ မကောင်းတဲ့ ပိုးမွှားတွေ ကျူးကျော်ဝင်ရောက်မလာအောင် ဟန့်တားပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top