Healthy Life Ad
Q & A

အိပ်ချိန်နည်းရင် ဘယ်လိုဖြစ်နိုင်သလဲ . . .

မေး. ကျွန်တော့်အသက် ၃၀ပါ။ တစ်ညကို အိပ်ချိန် လေး-ငါးနာရီပဲရှိပါတယ်။ အဲဒါ ရေရှည်မှာ ဘယ်လိုအကျိုးသက်ရောက်မှုများ ရှိနိုင်ပါသလဲ သိချင်လို့ပါ ခင်ဗျ။
ကိုတိုး၊ လှိုင်သာယာ။

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

ဖြေ. တစ်ယောက်နဲ့တစ်ယောက် အိပ်ချိန်လိုအပ်ချက် မတူပါ။ ကလေးငယ်တွေ၊ ကာယလုပ်သားတွေ၊ မိုးလင်းမိုးချုပ် အလုပ်လုပ်သူတွေမှာ ညအိပ်ချိန်ပိုလိုပါတယ်။ အိပ်ချိန်လျော့နည်းဖန်များပါက လုပ်ငန်းခွင် စိတ်အာရုံစူးစိုက်မှုနည်းပါးခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ အဝလွန်လာခြင်း စသဖြင့် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top