Healthy Life Ad
Life Style

ကြိုတင်ကာကွယ်၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအန္တရာယ်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဆီးလမ်းကြောင်း ပိုးဝင်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။ ဆီးလမ်းကြောင်း ပိုးဝင်စေတဲ့ အချက်အားလုံးကို ကာကွယ်လို့မရနိုင်ပေမယ့် ဖြစ်နိုင်ခြေ လျော့ကျအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ရေနှင့် အခြားအရည် များများသောက်သုံးပါ
ရေနဲ့တခြားအရည်တွေကို များများသောက်ပါ၊ ဒါပေမဲ့ ကဖင်းပါတဲ့ အရည်နဲ့ အရက်က ဆီးအိတ်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့အတွက် ရှောင်သင့်ပါတယ်။ ဆီးအရောင်က ရင့်နေသလားသတိထားကြည့်ပါ။ ဆီး အရောင်ရင့်နေရင် ရေနဲ့တခြားသစ်သီးဖျော်ရည်ကို များများသောက်သုံးဖို့လိုအပ်ပါတယ်။ ဒါမှသာ ဆီး လမ်းကြောင်းရှိ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်မှာပါ။

ခရမ်ဘယ်ရီဖျော်ရည်သောက်ပါ
ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်နိုင်သလို ဆီးလမ်းကြောင်း ပိုးဝင်နေရင်လည်း သက်သာအောင် ကူညီနိုင်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး အလေးထားပါ
အချိန်ကြာကြာ ဆီးအောင့်ထားတာမျိုး မလုပ်ပါနဲ့။ ဆီးသွားချင်စိတ်ကို ထိန်းချုပ်တာက မလုပ် သင့်တဲ့အချက်ပါ။ ဆီးသွားချင်စိတ်ဖြစ်ပေါ်တဲ့အခါတိုင်း ဆီးသွားပေးပါ။ ဆီးနဲ့ဝမ်းသွားပြီးတဲ့အခါ စအိုမှ ဘက်တီးရီးယားပိုးတွေ ဆီးလမ်းကြောင်းထဲ မဝင်စေဖို့ အရှေ့မှ အနောက်သို့သန့်စင်ပေးပါ။ အဖြူရောင် တစ်ရှူးစက္ကူကိုပဲသုံးပါ။

ဝမ်းမှန်မှန် သွားသည့် အကျင့် ကျင့်ပါ
ဝမ်းချုပ်တာက ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေကို မြင့်တက်စေတဲ့အတွက် ဝမ်းမချုပ်အောင် သတိထားပါ။ မနက်အိပ်ရာထရင် ရေတစ်ဖန်ခွက်သောက်ပါ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ တစ်နေ့လုံး အမျှင်ဓာတ်များများပါတဲ့ အစာကိုစားတာ၊ ရေများများ သောက်တာနဲ့ တခြားသစ်သီးဖျော်ရည် သောက်တာတို့ လုပ်ဆောင်ပြီး ဝမ်းချုပ်တဲ့ဝေဒနာ သက်သာအောင် လုပ်ဆောင်သင့်ပါတယ်။

လိင်ဆက်ဆံမှုပြုရာတွင် သတိထားပါ
လိင်ဆက်ဆံမှုကြောင့်လည်း တစ်ခါတစ်ရံ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု မပြုခင် လိင်အင်္ဂါတစ်ဝိုက်ကို အမွေးနံ့မပါတဲ့ သန့်စင်ဆေးနဲ့ ရေကို သုံးပြီး ဆေးကြောပေးပါ။ လိင်ဆက်ဆံပြီးချိန်မှာလည်း ဆီးသွားတာ၊ ရေများများ သောက်တာတို့ လုပ်ဆောင်ပေးပါ။

အတွင်းခံ အဝတ်အစားကို သက်သောင့်သက်သာရှိရှိ ဝတ်ဆင်ပါ
လေဝင်လေထွက် မကောင်းတဲ့အတွင်းခံဘောင်းဘီကျပ်ကျပ်တွေကိုမဝတ်ပါနဲ့။ ချည်သားအတွင်း ခံကိုဝတ်ဆင်တာကြောင့် လိင်အင်္ဂါနေရာတစ်ဝိုက်ကို ခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပေါက် ဖွားမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top