Healthy Life Ad
Q & A

အတူနေပြီး ဆီးအောင့်ခြင်း

မေး။ ။ ဆရာခင်ဗျာ . . မသိလို့ မေးချင်ပါတယ်။ အတူနေပြီးရင် မိန်းမဆီးအောင့်တတ်လို့ ဘာဖြစ်လို့ပါလဲ။
Chit Thu Lay(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် ဖြေကြားသည်။

ဖြေ။ ။ ဆီးလမ်းကြောင်း ပိုးဝင်တာ ဖြစ်ဖို့များပါတယ်။ အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းတိုတဲ့အတွက် ပိုးဝင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အပြင်အရေပြားမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပွားများလာတာ ဖြစ်ပါတယ်။ အတူနေပြီးတာနဲ့ ဆီးသွားလိုက်တာမျိုး၊ ရေများများသောက်တာမျိုးနဲ့ ကာကွယ်နိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တော့ ပဋိဇီဝပိုး သတ်ဆေးနဲ့ ဆေးပတ်လည်အောင် သောက်သင့်တာကြောင့် နီးရာဆေး ခန်းမှာပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top