Healthy Life Ad
Life Style

မကြာခဏ ခရီးရှည်ထွက်လေ့ရှိသော အမျိုးသားတို့ ဆီးလမ်းကြောင်း ကျန်းမာစေရန်

၊ ငွေကြယ်စင်ယံ ၊

လူတွေ ခရီးသွားတော့မယ်ဆိုရင် လမ်းခရီးမှာ ဆီးသွားချင်စိတ်ဖြစ်မှာ စိုးတဲ့အတွက် ရေကို တတ်နိုင်သမျှ လျှော့သောက်လေ့ရှိကြပါတယ်။ တစ်ခါတစ်ရံ ခရီးသွားတာက ပြဿနာမရှိပေမယ့် အလုပ်ကိစ္စကြောင့် မကြာခဏ ခရီးရှည် သွားနေရတဲ့ အမျိုးသားတွေမှာ ဆီးလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်နေစေဖို့ လိုက်နာသင့်တဲ့ အချက်တွေ ရှိပါတယ်။

ဆီးသွားချင်စိတ်ကို အောင့်ထားလျှင်
ခရီးရှည်သွားတဲ့အခါ အမျိုးသားတွေဟာ ဆီးအိတ်ထဲ ဆီးပမာဏ ၁၅၀ စီစီ-၂၀ဝ စီစီလောက် အထိအောင့်ထားတာက ပြဿနာ မဖြစ်နိုင်ပေမယ့် ဒီ့ ထက်ကြာကြာအောင့်ရင် ဆီးမထိန်းနိုင်ဘဲ ဆီးထွက်ကျတတ်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တတ်သူတွေနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့ သူတွေဆိုရင် ဆီးသွားချင်စိတ်ကို အောင့်ထားရင် ဆီးပိုးဝင်နိုင်ခြေ များပါတယ်။ ဆီးကျောက်တည်တာလည်း ဖြစ်နိုင်ခြေများပါတယ်။

ရေသောက်နည်းလွန်းလျှင်
ခန္ဓာကိုယ်က စွန့်ပစ်ပစ္စည်းတွေကို ပုံမှန်စွန့်ထုတ်နိုင်ဖို့ ဆီးအလုံအလောက်သွားရပါမယ်။ ဆီးအလုံအလောက်သွားနိုင်ဖို့ရာအတွက် ရာသီဥတု၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ချွေးထွက်တဲ့ပမာဏပေါ် မူတည်ပြီး ရေတစ်လီတာ-နှစ်လီတာခန့် လိုအပ်ပါတယ်။ ခရီးရှည်သွားချိန်မှာ ရေသောက်နည်းလွန်းရင် ခန္ဓာကိုယ်ထဲက စွန့်ပစ်ပစ္စည်းတွေ မထွက်ဘဲ နုံးချည့်ညောင်းညာတာ၊ ခေါင်းမူးခေါင်းကိုက်တာ၊ နေထိုင်မ ကောင်းတာ၊ ဆီးကျဉ်ဆီးပူတာတို့ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဝမ်းလည်းချုပ်တတ်ပါတယ်။

ဆီးလမ်းကြောင်း ဝေဒနာကင်းပြီး ကျန်းမာလန်းဆန်းနေအောင် ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

– မကြာခဏ ခရီးရှည်သွားရလေ့ရှိတဲ့ အမျိုးသားတွေ အမြဲကျန်းမာနေစေဖို့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အဆီနည်းတဲ့ အသား၊ ငါးစတာ တွေကို များများစားသုံးပြီး အဆီ၊ အချို၊ အငန်နဲ့ အဆီများတဲ့အသားတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

– တစ်နေ့ ရေနှစ်လီတာနဲ့အထက် သောက်သုံးပေးသင့်ပါတယ်။

– ခရီးသွားလာရင်းရပ်နားတဲ့အချိန်တွေမှာ အခွင့် သင့်တိုင်း မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ အကြောဆွဲဆန့်တာနဲ့ အကြောလျှော့တာတို့ကို လုပ်ဆောင်သင့်ပါတယ်။

– ခရီးရှည်သွားရင်း ဆီးသွားချင်စိတ် ဖြစ်ပေါ်လာပါက အလွန်အမင်း ဆီးအောင့်မထားဘဲ (ကားခဏ ရပ်ခိုင်းတာမျိုးလုပ်ပြီး) ဆီးသွားပေးဖို့ လိုပါတယ်။

– တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လိင်အင်္ဂါ သန့်ရှင်းရေးတွေကို မှန်မှန်ပြုလုပ်ပေးရပါမယ်။

– ဆီးလမ်းကြောင်းဆိုင်ရာ ဝေဒနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ရင် အချိန်မဆိုင်းဘဲ နီးစပ်ရာ ဆရာ ဝန်နဲ့တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

(Ref; nih)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top