Healthy Life Ad
International

ဆိတ်တွေနဲ့ ယောဂကျင့်ကြမလား

၊ မိုးမင်းထွန်း ၊ (Ref;TS)

ကိုယ်ခန္ဓာပုံစံအမျိုးမျိုးနဲ့ ယောဂကျင့်ရတာ အသက်ပြင်းပြင်းရှူရတာတွေအတွက် ငြီးငွေ့နေရင်မတူကွဲပြားတဲ့ယောဂလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားမိမှာပါ။ တချို့ကခပ်ပြင်းပြင်းယောဂအမျိုး အစားတွေကို ရွေးချယ်ကြပြီး တချို့ကတော့မိုးပေါ်ခြေထောက်ထောင်ရတဲ့ ယောဂကျင့်စဉ်ကိုနှစ်သက်ကြပါတယ်။

မတူညီတဲ့ပုံစံ စမ်းသပ်ချင်သူတွေအတွက် အမေရိကန်ပြည်ထောင်စုမှ ယောဂကျင့်နည်းတစ်ခုက စိတ်ဝင်စားစရာပါ။ အိုရီဂွန်မှာရှိတဲ့ ယောဂစင်တာတစ်ခုက စိတ်လန်းဆန်းပြီး ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ဆိတ်တွေကအဖော်ပြုပေးတဲ့ မနက်ခင်း ယောဂသင်တန်းတစ်ခုကို ဖွင့်လှစ်ထားပါတယ်။

ဓာတ်ပုံဆရာလိုင်နေမို့စ်က သူရဲ့စိုက်ပျိုးမွေးမြူရေးခြံမှာ စီးပွားရေးလုပ်ဖို့ကြံစည်ရင်းနဲ့ စိတ်ကူးရခဲ့တာပါ။ သင်တန်းဖွင့်ဖို့နေရာရှာနေတဲ့ ယောဂဆရာတစ် ယောက်နဲ့ချိတ်ဆက်မိပြီး အစီအစဉ်ကို အတူတကွအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

လောကဓံအထုအထောင်းခံရပြီး စိတ်ဓာတ်ကျနေတဲ့လူတွေ၊ မသန်စွမ်းသူတွေအတွက် တိရစ္ဆာန်တွေအကူအညီပေးတဲ့ ကုထုံးတစ်ခုကို မိတ်ဆက်ထားတာပါလို့ သူကပြောပါတယ်။ အစီအစဉ်က အလုပ်ဖြစ်သွားပြီး လူကြိုက်များနေတယ်လို့သိရပါတယ်။ ဆိတ်တွေက ယောဂကျင့်နေသူတွေရဲ့အနီး အနားမှာရှိနေတာကြောင့် ယောဂကျင့်သူတွေယော ဂကျင့်ရာမှာ စိတ်အားတက်ကြွလန်းဆန်းနေမှာဖြစ်ကြောင်း သိရပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top