Healthy Life Ad
Life Style

စိတ်ဓာတ်ကျနေသူကို အားပေးရာတွင် ဂရုစိုက်သင့်သော စကားများ

၊ လရိပ်မေ ၊

စိတ်ဓာတ်ကျနေတဲ့ သင့်ချစ်သူ ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်း တစ်ယောက်ယောက်ကို အားပေးတဲ့အခါမှာ မပြောသင့်တဲ့၊ သူစိတ်ဓာတ်ပိုကျသွားစေမယ့် စကားတွေကို ရှောင်တတ်အောင် အထူးသတိထားသင့်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျနေသူ အားတက်လာအောင် ပြောသင့်တဲ့ စကားတွေကိုလည်း သိထားရပါမယ်။

မပြောသင့်သောစကား- “တခြားလူတွေက အခု နင်ဖြစ်နေတာထက် ပိုဆိုးပါတယ်” ဒီစကားက အမှန်ဖြစ်နေရင်တောင် ဒီလိုအချိန်မှာ ဒီစကားက အသုံးမဝင်ပါဘူး။ ပြီးတော့ သူ့ကိုလည်း ကူညီအားပေးနိုင်တဲ့ စကားမျိုးမဟုတ်ပါဘူး။ ဒီလိုပြောလိုက်တာကြောင့် သူ့အနေနဲ့ စိတ်ဓာတ်မကျသင့်ဘဲ ကျနေသလို ဖြစ်သွားတာကြောင့် အခြေအနေကို ပိုဆိုးသွားစေပါတယ်။

ပြောသင့်သောစကား – “ဒီလို ဖြစ်ရတာ နင်တစ်ယောက်တည်း မဟုတ်ပါဘူးဟာ”

မပြောသင့်သော စကား – “လောကကြီးက မမျှတပါဘူး” ဒီစကားက သင့်သူငယ်ချင်းရဲ့ စိတ်ဓာတ်ကျတဲ့ ခံစားချက်ကို ပိုပြီး ဆိုးသွားစေပါတယ်။

ပြောသင့်သော စကား – “ဘာတွေပဲဖြစ်ဖြစ် နင်က ငါ့အတွက် အရေးပါတဲ့သူပါ” သင့်သူငယ်ချင်းကို အားရှိသွားစေတဲ့ စကားပါ။

မပြောသင့်သော စကား – “ဝမ်းနည်းမနေပါနဲ့ တော့”။ အကြာကြီးစိတ်ဓာတ်ကျ ဝမ်းနည်းနေရတာက သူ့အနေနဲ့ စိတ်ဓာတ်ကျဝမ်းနည်းတာကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို မသိလို့ပါ။ စိတ်ဓာတ်ကျတာက ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါတို့လိုပဲ နာမကျန်းမှုတစ်ခုပါ။ ချက်ချင်းတော့သက်သာဖို့ မမျှော်လင့်ပါနဲ့။

ပြောသင့်သော စကား – “နင်စိတ်ဓာတ်ကျတာ သက်သာအောင် ငါဘာကူညီရမလဲ”

မပြောသင့်သောစကား – “နင်က ဒါကြောင့် စိတ်ဓာတ်ကျနေတယ်ပေါ့လေ။ နင်က အမြဲ စိတ်ဓာတ်ကျနေတာပဲ မဟုတ်လား”

ပြောသင့်သောစကား – “ဒီအခြေအနေကနေ နင်အမြန်ဆုံး ရုန်းထွက်နိုင်မှာပါ”

မပြောသင့်သော စကား – “ဒါတွေအားလုံးက နင့်အပြစ်တွေချည်းပဲ”(ဘယ်သူမှတော့ စိတ်ကျရောဂါကို ရွေးချယ်ကြမှာ မဟုတ်ပါဘူး။)

ပြောသင့်သော စကား – “နင်ရဲ့ အခြေအနေကို ငါလည်း တတ်နိုင်သမျှ ဖြေရှင်းပေးပါမယ်”

မပြောသင့်သော စကား – “ငါ့ကို ယုံပါ၊ နင်ခံစားနေရတာတွေအားလုံး ငါသိတယ်၊ ငါလည်း တစ်ချိန်တုန်းက ဒီလို ဝမ်းနည်းခဲ့ဖူးတာပဲ”
(စိတ်ကျရောဂါက ဝမ်းနည်းတာ၊ စိတ်မရွှင်ပျတာ စတဲ့ အခြေအနေတွေနဲ့ လုံးဝမတူပါဘူး။)

ပြောသင့်သော စကား – “နင့်အခြေအနေကို ငါနားလည်နိုင်အောင် အကောင်းဆုံးကြိုးစားပါ့မယ်ဟာ” ဒီစကားကတော့ သင့်ကို သူ့စိတ်ထဲရှိသမျှ ဖွင့်ပြောလာစေမယ့် စကားဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top