Healthy Life Ad
Health Tips

သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်းကြောင့် ရရှိသည့် အကျိုးကျေးဇူးများ

၊ ငွေကြယ်စင်ယံ ၊

သဲမြေတွေပေါ် နင်းလျှောက်တာ၊ စိမ်းလန်းတဲ့ သစ်ပင်တွေကြား လျှောက်ပြေးတာ၊ ပန်းပွင့်နဲ့ သစ်သီးဝလံတွေကို ထိတွေ့ခူးဆွတ်တာ အစရှိတဲ့ သဘာဝလောကနဲ့ ထိတွေ့လိုက်ရုံနဲ့ အောက် ပါကောင်းကျိုးတွေ ရရှိစေပါတယ်။

– စိတ်ဖိစီးမှု လျော့ကျစေပါတယ်။

– နာကျင်ကိုက်ခဲမှု လျော့ပါးစေပါတယ်။

– နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

– စွမ်းအင် တိုးစေပါတယ်။

– အအေးမိချိန်နဲ့ တုပ်ကွေးဖြစ်ချိန် ခန္ဓာကိုယ်ကို သက်သာရာရစေနိုင်ပါတယ်။

– ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက်ညီစေနိုင်ပါတယ်။

– ခေါင်းကိုက်တာနဲ့ ကြွက်တက်တာကို သက်သာစေပါတယ်။

– ကြွက်သားတောင့်တင်းမှုကို သက်သာစေပါတယ်။

– ဟော်မုန်းတွေကို ဟန်ချက်ညီမျှစေပါတယ်။

– အနာကျက်နှုန်းကို မြန်ဆန်စေပါတယ်။

– နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်။

– ထိခိုက်ဒဏ်ရာရတာကို အမြန်ဆုံး သက်သာ ရာရစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top