Healthy Life Ad
Life Style

ကလေးများက လူကြီးများထက် ပတ်ဝန်းကျင်အသစ်ကို အာရုံစိုက်နိုင်စွမ်း ပိုမိုကောင်းမွန်

———၊ ကိုထက် ၊———

အရွယ်ရောက်သူတွေက သူတို့ကိုပြောသမျှကိုသာ အာရုံစိုက်တတ်ပေမယ့် ကလေးတွေက အရာရာတိုင်းကို သတိပြုမိပြီး အသစ်တွေကို လေ့လာနိုင်စွမ်း ပိုကောင်းမွန်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

စိတ်ပညာဂျာနယ်ရဲ ့ လေ့လာမှုတစ်ခုအရ ကလေးတွေက သူတိုရဲ ့ အာရုံစိုက်နိုင်စွမ်းကို ဖြန့်ကျက်ထားနိုင်ပြီး အရွယ်ရောက်သူတွေကတော့ သူတို့ယုံကြည်တဲ့ သတင်းအချက်အလက်တွေကိုသာ အရေးကြီးဆုံးလို့ယူဆပြီး အလေးထားရွေးချယ်တယ်လို့ သိရပါတယ်။

ကလေးတွေရဲ ့ အာရုံစိုက်နိုင်စွမ်းက လိုက်လျောညီထွေရှိပြီး အရာရာတိုင်းကို အလေးထား အာရုံစိုက်နိုင်တာကြောင့် သတင်းအချက်အလက်များများကို ရယူနိုင်ကာ ပိုမိုသင်ယူလေ့လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာမှုအရ အရွယ်ရောက်သူ ၃၄ ဦးနဲ့ လေးနှစ်အရွယ်ကလေးငယ် ၃၆ ဦးကို လေ့လာခဲ့ရာ ကလေးတွေက အခြေအနေပတ်ဝန်းကျင်အသစ်မှာ အရာရာကို သတိပြုနိုင်စွမ်း ပိုကောင်းမွန်တာကို တွေ့ရှိရတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

(Ref;zeenews 3-9-19)

Most Popular

Healthy Life Ad
To Top