Healthy Life Ad
Health Tips

ဗီတာမင် B1 အကြောင်း သိကောင်းစရာ

တစ်နှစ်အောက်ကလေး သေဆုံးမှုတွေမှာ ဗီတာမင် B1ချို့တဲ့မှုကြောင့်ဖြစ်ရတဲ့ ဘယ်ရီဘယ်ရီရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ အစားရှောင်လွန်းရင် ဖြစ်တတ်ပါတယ်။ မိခင် မှာ ဗီတာမင် B1 ဓာတ်ချို့တဲ့ရင် ခြေလက်တွေ ထုံကျင်တတ်ပြီး မိခင်နို့စို့နေတဲ့ ကလေးမှာလည်း လိုအပ်တဲ့ ဗီတာမင်B1 ဓာတ်မရဘဲချက် ချင်းသေဆုံးနိုင်ပါတယ်။ များသောအားဖြင့် မိခင်နို့တစ်မျိုးတည်းရရှိတဲ့ ကလေးအသက် ၄လ ဝန်းကျင်မှာ သေဆုံးကြပါတယ်။

B1ပါဝင်မှုများသည့် အစာများ
ဗီတာမင် B1ဟာ မောင်းထောင်းဆန်၊ ဆန်လုံးညို၊ ပဲအမျိုးမျိုးနဲ့ ဝက်သားမှာ အများ ဆုံးပါဝင်ပါတယ်။ ဒါ့အပြင် အမဲသား၊ အခွံမာတဲ့ အစေ့အဆန်၊ လိမ္မော်သီး၊ ဥအမျိုးမျိုး၊ ပဲသီး၊ ပဲစိမ်း စတာတွေမှာလည်း ပါဝင်ပါတယ်။ဆန်ကိုအလွန်ဖြူအောင် အကြိမ်ရေများ များ ဆေးကြောပစ်လိုက်ရင် ြ၁အပါအဝင် ဗီတာမင်ဓာတ်တွေ ပါဝင်သွားတတ်ပါတယ်။

ကျန်းမာရေးဌာန၏ ဆောင်ရွက်မှု
ကျန်းမာရေးဌာနအနေနဲ့ ဗီတာမင် B1ဓာတ်ချို့တဲ့မှုကြောင့် ကလေးတွေ ဘယ်ရီဘယ်ရီရောဂါနဲ့ သေဆုံးမှုမရှိစေရေးအတွက် ကိုယ်ဝန်ဆောင် မိခင်တိုင်းကိုကိုယ်ဝန်ဆောင်ကိုးလ အချိန်မှစပြီး မိခင်နို့တိုက်နေချိန် ကလေး ၃လ အထိ ဗီတာမင်B1 ဆေးပြားတွေ တိုက်ကျွေးခြင်း စီမံချက်ကို ဆောင်ရွက်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကလည်း ကိုယ် ဝန်ဆောင်ချိန်နဲ့ မိခင်နို့တိုက်နေချိန်အတွင်း အစားမရှောင်ကြဖို့လည်း အရေးကြီးပါတယ်။
(ကိုးကား- ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနထုတ်ပြန်ချက်)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top