Healthy Life Ad
Health Tips

ဗီတာမင် B1 များစွာပါဝင်သည့် အစားအစာ ၁၀မျိုး

ဇွန်

ဗီတာမင် B1 ဟာ ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ထိန်းပေးတာနဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာတွေကို တည်ငြိမ်အောင်ထိန်းပေးတာကြောင့် မရှိမဖြစ် အာဟာရဓာတ်တစ်မျိုးပါ။ ဗီတာမင် B1 ချို့တဲ့တာကြောင့် ခန္ဓာကိုယ်ရှိ နာ့ဗ်ကြောနဲ့ သွေးလှည့်ပတ်မှုစနစ် အပါအဝင် တစ်ကိုယ်လုံးကို ထိခိုက်ပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဗီတာမင် B1 ပြင်းပြင်းထန်ထန်ချို့တဲ့ပါက ဘယ်ရီဘယ်ရီရောဂါ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါဖြစ်ရင် သတိလစ်တာ၊ တက်တာ၊ ဖောရောင်တာ၊ နုံးချည့်နွမ်းနယ်တာတို့ ဖြစ်စေနိုင်သလို အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မိခင်နို့ချိုတိုက်ကျွေးချိန်တွေမှာ အစားရှောင်တာကြောင့် မွေးလာတဲ့ကလေးတွေမှာ ဘယ်ရီဘယ်ရီရောဂါ အဖြစ်များတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် B1 ပါဝင်မှု အများဆုံး အစားအသောက်တွေကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၁) ပဲအမျိုးမျိုး

အခြောက်အခြမ်းလုပ်ထားတဲ့ ပဲအမျိုးမျိုးထဲမှာ ဗီတာမင် B1 ပါဝင်မှု မြင့်မားပါတယ်။ သူတို့ထဲမှာ နှလုံးအကျိုးပြု ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။

(၂) နှမ်းစေ့

နှမ်းစေ့မှာ သံဓာတ်နဲ့သွပ်ဓာတ် များစွာပါဝင်သလို နှမ်းစေ့ ၁၀ဝ ဂရမ်မှာ ဗီတာမင် B1၁ ဒသမ ၆ ဂရမ် (တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၁၀၆ရာခိုင်နှုန်း) ပါဝင်ပါတယ်။ နှမ်းစေ့ထမင်းစားဇွန်းတစ်ဇွန်းမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် B1 ၁၅ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၃) နေကြာစေ့

နေကြာစေ့ နှစ်ခွက်စာပမာဏမှာ ဗီတာမင် B1 ၁ ဒသမ ၄၈ မီလီဂရမ်ပါဝင်ပါတယ်။ နေကြာစေ့ ထမင်းစားဇွန်း နှစ်ဇွန်းစာပမာဏမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် B1 ၆ ရာခိုင်နှုန်းပါဝင်ပါတယ်။

(၄) ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေနဲ့ လုပ်ထားတဲ့ ဘာဂါတွေမှာ ဗီတာမင် B1 ပါဝင်မှုများပါတယ်။

(၅) အဆီမပါသော အသား

အဆီမပါတဲ့ အသားထဲမှာလည်း ဗီတာမင် B1 ပါဝင်မှုများပါတယ်။

(၆) အခွံမာသီး

မကယ်ဒေးမီးယား၊ Pistachios နဲ့ မြေပဲတွေထဲမှာလည်း ဗီတာမင် B1 ပါဝင်ပါတယ်။

(၇) ငါး

ငါးတွေမှာ နှလုံးအကျိုးပြုအဆီ ပါဝင်မှုများတဲ့အပြင် ဗီတာမင် B1 လည်း ပါဝင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top