Healthy Life Ad
Life Style

လူမှုအဖွဲ့အစည်းမှာ သူရော ကိုယ်ပါ အောင်မြင်စေမယ့် အခြေအနေ ဖန်တီးရအောင်

၊ ကိုမိုး ၊

အလုပ်တစ်ခုလုပ်တဲ့အခါ အဲဒီအလုပ်ထဲမှာ ပါ ဝင်သူတွေအားလုံး သူရော ကိုယ်ပါ အောင်မြင်တိုး တက်မှုရှိစေမယ့် အခြေအနေဖြစ်ဖို့ ခေါင်းဆောင်က စပြီး အသင်းသားအားလုံး လိုက်နာသင့်တဲ့ အချက် တွေကို ဖော်ပြလိုက်ပါတယ်။

(၁) ပိုလိုချင်သော အနေအထားကို စွန့်လွှတ်လိုက်ပါ
တချို့လူတွေက အသင်းအဖွဲ့တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်ကြပေမယ့် အောင်မြင်လာတဲ့ အခါ ကိုယ့်နာမည်၊ ကိုယ့်ဂုဏ်သတင်းတက်လာဖို့ ပိုမျှော်လင့်တတ်သလို ပိုကြွားဝါတတ်ပါတယ်။ “ငါ လုပ်လိုက်တာ” ဆိုပြီးတော့ပေါ့လေ၊ အခန့်မသင့်လို့ ရှုံးနိမ့်သွားတဲ့အခါ သူများကို လက်ညှိုးထိုးတတ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒါမျိုးကို ရှောင်သင့်ပါတယ်။

(၂) မလုပ်ဆောင်မီ သင့်အတွေး၊ သင့်စိတ်ခံစားချက်များအကြောင်း ပြောပြပါ
အသင်းအဖွဲ့နဲ့ အတူ အလုပ်လုပ်တဲ့အခါ လူအများစုက သူတို့မလုပ်ဆောင်ခင် သူတို့ စိတ်ခံစားချက်ကို ပထမဆုံး ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ အဲဒီအခါ ငြင်းကြခုံကြ၊ စိတ်တိုကြ၊ ရန်ဖြစ်ကြ . . နဲ့ စိတ်ဖိစီးမှုများတဲ့ အခြေအနေကို ကြုံတွေ့နိုင်ပေမယ့် နောက်ဆုံးမှာ ပိုထိရောက်ကောင်းမွန်တဲ့ လုပ်ဆောင် ချက်ရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ အောင်မြင်မှုပန်းတိုင်ကို မျက်ခြေမပြတ်စေဘဲ သူတစ်ပါးအမှားတွေကို သင်ခန်းစာယူလေ့လာရင်း အလုပ်ကို ပိုမိုကြိုးစား လုပ်ဆောင်ဖို့လိုပါတယ်။ တကယ်လို့ ဒေါသထွက်တာ၊ စိတ်အလိုမကျဖြစ်တာတို့ဖြစ်ပြီး ကိုယ့်ယူဆချက်ကို လက်မခံရကောင်းလားဆိုတဲ့ ကလေးဆန်ဆန်အတွေး မဝင်သင့်ပါဘူး။တစ်ခါတစ်ရံမှာ သင်ကောင်းတယ်ထင်တဲ့ အခြေအနေဆိုပေမယ့် အများလက်မခံတဲ့အခါ ဒေါသထွက်စိတ်ဆိုးချင်တဲ့ စိတ်ကို ထိန်းချုပ်ရပါမယ်။ အဲဒီအခြေအနေမှာ ပိုမို ကောင်းမွန်တိုးတက်မယ့် အြေ့ဖတစ်ခုရစေဖို့ သင်ရဲ့ စကားပြောစွမ်းရည်က အရေးပါနေပါပြီ။

(၃) အခြားသူကို အပြစ်မတင်ဘဲ တာဝန်ယူစိတ် ထားရှိပါ
အမှားတစ်ခုခု ကြုံတွေ့တဲ့အခါ (မိသားစုအ တွင်းမှာ ဖြစ်ဖြစ်၊ သင့်ချစ်သူနဲ့ပဲ ဖြစ်ဖြစ်၊ လုပ်ငန်း ခွင်အတွင်းမှာ ဖြစ်ဖြစ်) တချို့လူတွေက စိတ်မသက် မသာဖြစ်ရာက အဲဒီအခြေအနေမှာ စိတ်သက်သာ ရာရစေဖို့တခြားသူတွေကို ပြစ်တင်လေ့ရှိပါတယ်။ အ သင်းအဖွဲ့နဲ့ အလုပ်လုပ်ချိန်မှာ ဒါက သင့်ကိုယ်ရည် ကိုယ်သွေးကို ထိခိုက်စေတဲ့ အချက်တစ်ခု ဖြစ်နေပါတယ်။

ဆုံးရှုံးမှုတစ်ခုခုကြောင့် နာကျင်တာထက် ဒေါ သထွက်တာကပိုနေရင် လူတွေက အဲဒီအရှုံးကိုလက် မခံချင်စိတ်ကြောင့် ငြင်းဆန်ရာက အပြစ်တင်တတ် တာပါ။ အထူးသဖြင့် မိသားစုထဲမှာ တလွဲတချော်ဖြစ် တိုင်း တခြားတစ်ယောက်ကို လွှဲချပြစ်တင်တတ်သူ ရှိခဲ့ရင် သင့်မှာလည်း အဲဒီလိုအပြစ်တင်စိတ်ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့အစည်း၊ အသင်းအဖွဲ့အတွင်း အမှားအယွင်းဖြစ်လာရင် လွှဲချ ပြစ်တင်တာမျိုးထက် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကို ခေါင်းအေးအေးထားပြီး စဉ်းစားပါ၊ တာဝန်ယူ ဖြေရှင်းပါ၊ ဒါက သင့်အဖွဲ့အစည်း ပိုခိုင်မာလာစေပြီး သင့်ကိုယ်ရည်ကိုယ်သွေးလည်း မြင့်တက်လာမယ့် နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။

(၄) ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သော့ခတ်သိမ်းထားပါ
အလုပ်လုပ်တဲ့အခါမှာ ကိုယ်ရေးကိုယ်တာ အ ချက်အလက်တွေ၊ အဆင်မပြေမှုတွေကို သော့ခတ် သိမ်းထားနိုင်မှ တော်ကာကျမှာပါ။ အလုပ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်မဟုတ်တော့ ဘူးလို့သဘောပေါက်ပြီး ကိုယ်ရေးကိုယ်တာအရအ ဆင်မပြေတာတွေကို သော့ခတ်သိမ်းထားရင်း အလုပ် ဆက်လုပ်ပါ။

(၅) ထင်မြင်ယူဆချက်များကို ရှေ့တန်းမတင်ပါနှင့်
အလုပ်လုပ်တဲ့အခါ မျှော်မှန်းချက်နဲ့ ထင်မြင် ယူဆချက်တွေကို ရှေ့တန်းတင်နေရင် အချိန်နဲ့ စွမ်းအင် ကုန်ရုံပဲ ရှိပါလိမ့်မယ်။ ဒါ့အပြင် စိတ်ရှုပ်ထွေးပြီး စိတ်ပျက်လက်ပျက်ဖြစ်လာမှာပါ။ တခြားသူတွေက လည်း သင့်ထင်မြင်ချက်ထက် သင့်လက်တွေ့လုပ် ဆောင်မှုကိုသာ ပိုအလေးထားမယ်ဆိုတာ သတိရလိုက်ပါ။ ဒါကြောင့် မျှော်မှန်းချက်နဲ့ ထင်မြင်ယူဆချက်တွေထက် လက်ရှိမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဟန်ချက်ညီအောင်ကြိုးစားရင်း အလုပ်ကို လက်တွေ့ကျကျလုပ်ဆောင်ပြလိုက်ပါ။

အလုပ်ထဲမှာ အလုပ်ကိစ္စဆွေးနွေးပြောဆိုတဲ့ အခါ ပွင့်ပွင့်လင်းလင်း ပြောပါ၊ ရိုးသားပါ၊ ရှင်းရှင်း လင်းလင်းပြောပါ၊ သင်မရှင်းလင်းတာရှိရင် မေးမြန်းပါ၊ ဆွေးနွေးပါ၊ သင့်လိုအပ်ချက်၊ သင့်ဆန္ဒစတာတွေကို ရှေ့တန်းမတင်သင့်ဘဲ အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကိုသာ ရှေ့တန်းတင်ပါ။ ဘယ်သူနဲ့မဆို သူတို့ပြောစကားကို သေချာနားထောင်ဖို့လိုပါတယ်။ အလုပ်ထဲမှာ လက်တွေ့ကျကျလုပ်ဆောင်နေသူတွေရဲ့အခက်အခဲ၊ လိုအပ်ချက်စတာတွေကို နားထောင်ပေးပါ။ အဲဒါတွေကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်း ကောင်းကိုရှာဖွေပါ။ လုပ်ငန်းခွင်အောင်မြင်မှုအတွက် လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းနိုင်အောင် ကြိုးစားပါ။ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်တွေ စိတ်ခွန် အားမြင့်တက်လာစေဖို့ အားပေးစကားပြောကြားပေးပါ။ ဒါက အားလုံး အားတက်သရော ကြိုးစားချင်စိတ်မြင့်တက်လာစေမယ့် နည်းလမ်းကောင်းပဲ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top