Healthy Life Ad
Health Tips

ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းအတွက် ရှေးဦးပြုစုနည်း

၊ ငွေစင်ကြယ်ယံ ၊

ဦးခေါင်းထိခိုက်ဒဏ်ရာရရင် ပြုလုပ်သင့်တဲ့ ရှေးဦးပြုစုနည်းအဆင့်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

(၁) သွေးတိတ်အောင်လုပ်ပါ

သွေးထွက်နေတဲ့နေရာကို ပိုးသတ်ထားတဲ့ တစ်သျှူးနဲ့ ဖိပေးပါ။ သွေးတိတ်တဲ့အထိ ဖိပေးပါ။ ပြီးရင် ဦးခေါင်းကို ရေအေးဝတ်ကပ်ပေးပါ။

(၂) လူနာတင်ယာဉ်ခေါ်ပါ

ဒီအချိန်မှာ လူနာတင်ယာဉ် ခေါ်သင့်ပါတယ်။

(၃) သွေးခုန်နှုန်း၊ အသက်ရှူခြင်းနှင့် မျက်စိသူငယ်အိမ်တုံ့ပြန်ပုံကို စစ်ဆေးပါ

သွေးခုန်နှုန်း၊ အသက်ရှူပုံနဲ့ မျက်စိသူငယ်အိမ်ရဲ့ အလင်းအပေါ်တုံ့ပြန်ပုံတွေကို စစ်ဆေးကြည့်ပါ။

(၄) လိုအပ်လျှင် CPR လုပ်ပါ

သွေးခုန်နှုန်းမကောင်းရင်၊ ကောင်းကောင်း အသက်မရှူရင်၊ မျက်စိသူငယ်အိမ်တုံ့ပြန်ပုံမကောင်းရင် CPR လုပ်ပေးပါ။

(၅) လူနာကို နွေးထွေးအောင်ထားပါ

အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းပုံမှန်ပြန်ဖြစ်လာရင် လူနာကို နွေးထွေးအောင်လုပ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top