Healthy Life Ad
Health Tips

သင့်ဘဝကို ပိုသာယာစေမည့် အပြုအမူစည်းမျဉ်းများ

၊ လရိပ်မေ ၊

လူတွေက ကိုယ့်ကိုယ်ကိုယ်ပိုကောင်းအောင် ကြိုးစားနေကြပါတယ်။ ပိုပြီးကြင်နာတတ်ဖို့။ ပိုပြီး စမတ်ကျဖို့၊ ပိုပြီး သန်စွမ်းဖို့နဲ့ ပိုပြီး ပျော်ရွှင်ဖို့ လုပ်ဆောင်နေရင်း ကိုယ့်ဘဝ ပိုသာယာလာစေဖို့ လိုက်နာသင့်တဲ့ အပြုအမူစည်းမျဉ်းတွေ ရှိပါတယ်။

(၁) အကောင်းဘက်က တွေးတောပါ၊ တကယ့်လက်တွေ့မှာ အပြုသဘောနဲ့ စဉ်းစားတွေးခေါ်ပါ။

(၂) ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ပါ။ အမြဲတမ်းချုပ်တီးထားရင် ဒေါသထွက်လွယ်ပါတယ်။ တစ်ခါတလေ ကိုယ့်စိတ်ကို ထွက်ပေါက်ပေးပါ။

(၃) အားလပ်ချိန်မှာ သင့်ကိုရယ်မောပျော်ရွှင်စေတဲ့ သူတွေနဲ့ အချိန်ကုန်ဆုံးပါ။ ဝမ်းနည်းဖို့ အချိန်မပေးပါနဲ့။

(၄) မကောင်းတဲ့ စိတ်ခံစားချက်တွေကို ချိုးနှိမ်မထားပါနဲ့။ အဲဒီလို ချိုးနှိမ်မယ့်အစား ကောင်းတဲ့ဘက်ကို ဦးတည်စဉ်းစားလိုက်ပါ။

(၅) တခြားသူကို ကူညီဖို့ ကြိုးစားပါ၊ ဒါပေမဲ့ ကိုယ့်ဘဝကို ပင်ပန်းနွမ်းနယ်အားကုန်သွားတဲ့အထိ မကူညီပါနဲ့။

(၆) ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ဖို့ ကြိုးစားနေရတဲ့အချိန်တိုင်း အချိန်ယူပါ၊ မလောပါနဲ့။

(၇) ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို မေ့မပစ်ပါနဲ့။ အရာရာကို စူးစမ်းလေ့လာနေထိုင်ပါ။

(၈) ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ဒါပေမဲ့ချစ်တဲ့ အပြုအမူ၊ လေးစားတန်ဖိုးထားတဲ့ စိတ်နဲ့ဆန်းစစ်ပါ။

(၉) သင့်ဘဝထဲက လူတွေ၊ အရာဝတ္ထုတွေ ထွက်ခွာသွားတဲ့အခါ တည်ငြိမ်တတ်အောင် ကြိုးစားပါ။

(၁၀) ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုရှိအောင် အလုပ်လုပ်ပါ၊ ဒါပေမဲ့ ဖြည်းဖြည်းနဲ့မှန်မှန် လုပ်ဆောင်ပါ။

(၁၁) အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ဖို့နဲ့ စိတ်တက်ကြွမှုရှိအောင် အားမထုတ်ပါနဲ့။ အလို လိုဖြစ်လာတဲ့အထိစောင့်ပါ။ အတုအယောင်တွေနဲ့ ဘယ်တော့မှ မနေပါနဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top