Healthy Life Ad
Life Style

အိမ်မှာနေရင်း ပျိုမြစ်နုနယ်လာစေမည့် သဘာဝပစ္စည်းများ

၊ ငွေကြယ်စင်ယံ ၊

– ခရမ်းချဉ်သီး
ခရမ်းချဉ်သီးပါးပါးလှီးပြီး မျက်နှာပေါ်ကပ်ပေးရင် ပင်ပင်းနွမ်းနယ်ကာ အိုမင်းနေတဲ့ အသားအရေကို နုပျိုလန်းဆန်းစေပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာတစ်ပတ်တစ်ခါဆိုလို ကပ်ပေးပါ။ မိနစ် ၂၀ လောက်ထားပေးရင် အသားအရေကို စိုပြည်နူးညံ့စေပါတယ်။ အသားအရေ ရောင်ရမ်းနေရင် ခရမ်းချဉ်သီးကိုအရည်ညှစ်ပြီး လိမ်းပေးပါ။ ခရမ်းချဉ်သီးအရည်ကို သံလွင်ဆီနဲ့ရောပြီး အသားအရေပေါ်လိမ်းပေးရင်လည်း ပေါင်းတင်သလို အာနိသင်ရရှိစေပါတယ်။

– သံပရိုသီး
သံပရိုသီးက အသားဖြူစေတဲ့အစွမ်းရှိပြီး သက်ကြီးအစက်အပြောက်နဲ့ ဝက်ခြံတွေကို ကင်းစင်စေပါတယ်။ သံပရိုရည်က အသားအရေကို ချောမွေ့စေပြီး အသားဖြူစေပါတယ်။ မျက်နှာပေါ်ကို သံပရိုရည် နေ့တိုင်းလိမ်းပြီး ပွတ်ပေးသင့်ပါတယ်။

– သခွားသီး
သခွားသီးနဲ့ ပေါင်းတင်ပေးရင် ဝက်ခြံအဖုအပိမ့်တွေကို သက်သာစေပါတယ်။ သခွားသီးဟာ အသားအရေကို နုပျိုတင်းရင်းစေပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ အနည်းဆုံး ၁၅ မိနစ်လောက် ကပ်ထားပေးပါ။ တစ်ပတ်မှာ မကြာခဏပြုလုပ်ပေးပါ။

– ပျားရည်
ပျားရည်က အကောင်းဆုံး အစိုဓာတ်ထိန်းခရင်မ်ပါ။ သတ္တုဓာတ်နဲ့ ပိုးသတ်အစွမ်းပါတဲ့အပြင် ဆဲလ်သစ်ပွားများနှုန်းကို ကောင်းမွန်စေပါတယ်။ ပုံမှန်သုံးပေးရင် ပျားရည်က အရေးကြောင်းနက်နက်တွေကိုတောင် ဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာနဲ့ လည်ပင်းပေါ် ပျားရည်လိမ်းပြီး မိနစ် ၂၀ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

– ဗီတာမင်အီး
ဗီတာမင်အီးဆေးတောင့်ထဲက အရည်ကိုထုတ်ပြီး အသားအရေပေါ် သုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားကိုပါ လိမ်းပေးနိုင်ပါတယ်။ ဒါဆိုရင် အသားအရေတင်းရင်းပြီး အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။

– သံလွင်ဆီ
သံလွင်ဆီက အသားအရေနုပျို ကျန်းမာစေပါတယ်။ သံလွင်ဆီတစ်စက်လောက် လိမ်းပေးရင် အရေပြားအိုမင်းမှုကို ဟန့်တားပေးပြီး အသားအရေ စိုပြည်စေပါတယ်။ သံလွင်ဆီက ဓာတ်မတည့်မှုကိုလည်း မဖြစ်စေပါဘူး။ သံလွင်ဆီအနည်းငယ်ကို မနက်နဲ့ ညဘက်မှာ မျက်နှာအရေပြားပေါ် ခပ်ပါးပါးလိမ်းပေးပါ။ အိုင်းခရင်မ်အစား သံလွင်ဆီလိမ်းပေးရင် မျက်ဝန်းတစ်ဝိုက် အရေးကြောင်း ကင်းစင်စေပါတယ်။

– အာလူး
အာလူးဟာ အသားအရေနုပျိုစေတဲ့ အရာပါ။ အသားအရောင်ကို ဖြူစင်ဝင်းပစေပြီး အရေးကြောင်းတွေကို ကင်းစင်စေပါတယ်။ အာလူးကိုပါးပါးလှီးပြီး အရည်ညှစ်ကာ အရေပြားပေါ် သုတ်လိမ်းပေးရပါမယ်။ နေ့တိုင်း ၁၅ မိနစ်ခန့် ထားပေးပါ။ အသားအရေကြည်လင် ပျော့ပျောင်းချင်ရင် သံပရာရည် နည်းနည်းရောပေးပါ။

– ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်အနှစ်သားကို အရေပြားပေါ်သုတ်လိမ်းပေးရင် အမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို ဖျော့သွားစေပါတယ်။ ဒါ့အပြင် အရေပြား အပူလောင်ဒဏ်ရာတွေကိုတောင် ဖျော့သွားစေပါတယ်။ ရှားစောင်းလက်ပပ်ရည်ကို အရေပြား ချွေးပေါက်ကျဉ်းစေတဲ့ အရာအဖြစ်သုံးပြီး သင့်အသားအရေပေါ်မှာ နေ့စဉ်နေ့တိုင်း လိမ်းပေးပါ။

– ဆော်ဒါမှုန့်
ဆော်ဒါမှုန့်က အသားအရေကို သန့်စင်အားဖြည့်ပေးပါတယ်။ အရေပြားဆဲလ်သစ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဆော်ဒါမှုန့်နဲ့ သံလွင်ဆီကို ဆတူရောပြီး မျက်နှာပေါ်မှာတစ်ပတ်တစ်ကြိမ် လိမ်းပေးပါ။ ဒါဆိုရင် အရေပြားကိုသန့် စင်စေပါတယ်။ ပေါင်းတင်ဆေးအဖြစ်သုံးချင်ရင် ဆော်ဒါမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောမွှေပြီး မျက်နှာပေါ်သုတ်လိမ်းပေးပါ။ အချိန် ၁၀မိနစ်လောက်ကြာမှ ရေနဲ့ ဆေးချလိုက်ရင် အသားအရေတင်းရင်းချောမွေ့တာကို တွေ့ရပါလိမ့်မယ်။

– အုန်းဆီ
ပြုပြင်မထားတဲ့ အုန်းဆီဟာ အသားအရေကို စိုပြည်အားဖြည့်ပေးပြီး တင်းရင်းစေပါတယ်။ အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေကို ပိုးသားလို ချောမွေ့စေပါတယ်။ အုန်းဆီခပ်ပါးပါးကို မျက်နှာပေါ်လိမ်းပြီး ငါးမိနစ်အကြာမှာ တစ်သျှူးနဲ့သုတ်ပေးပါ။

– သကြား
သကြားမှာ သဘာဝကြေးချွတ်အာနိသင်ရှိပြီး မျက်နှာအသားအရေကို သန့်စင်ပေးပါတယ်။ အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေကို စိုပြည်ချောမွေ့ကာ တောက်ပြောင်စေပါတယ်။ တစ်ပတ်တစ်ကြိမ် သကြားနဲ့ ကြေးချွတ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top