Healthy Life Ad
Health Tips

ပီကေမျိုချမိရင် ဘာဖြစ်တတ်သလဲ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မတို့ကလေးဘဝတုန်းက မိဘတွေက ဝါးထားတဲ့ပီကေကို မျိုမချဖို့ အကြံပေးလေ့ရှိပါတယ်။ ပီကေဝါးနေရင်း မျိုချမိရင် ခန္ဓာကိုယ်ထဲမှာ ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဝါးထားတဲ့ ပီကေကို မျိုချမိရင် ဘာဖြစ်တတ်သလဲ

အသည်း

– ပီကေထဲမှာပါတဲ့ အရောင်၊ တာရှည်ခံပစ္စည်း စတာတွေကို အသည်းက စုပ်ယူပြီး ခန္ဓာကိုယ်ကို ဓာတ်မတည့်တုံ့ပြန်မှု မဖြစ်အောင်နဲ့ အဆိပ်မသင့်အောင် ကာကွယ်ပေးပါတယ်။

အစာအိမ်

– အစာအိမ်ထဲကထုတ်တဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ဟာ ပီကေဝါးတဲ့အခါ ထွက်လာတဲ့သကြားနဲ့ အရသာတွေကို ကွဲထွက်သွားစေပါတယ်။

အူ

– ပီကေရဲ့ ပိုလီမာက စေးကပ်မှုမရှိတော့တဲ့နောက် ဟိုက်ဒရိုကလိုရစ်အက်ဆစ်နဲ့ အစာခြေအင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကြောင့် အူထဲကနေ ဖယ်ထုတ်နိုင်ပါတယ်။

ပီကေက ဘာနဲ့ ပြုလုပ်ထားသလဲ

– အနံ့

– အချို

– အရောင်

– အခြေခံ (အဆီ၊ ဖယောင်းစတာတွေ)

ဝါးထားတဲ့ပီကေကိုမျိုချလိုက်ရင် အောက်ပါလက္ခဏာတွေ ဖြစ်တတ်ပါတယ်။

– ခန္ဓာကိုယ်အပူချိန်က ၉၉ ဒသမ ၅ ဒီဂရီဖာရင်ဟိုက်အထက် မြင့်တက်လာပါတယ်။

– သွေးပေါင်က ၁၃၀/၈၀ အထက် မြင့်တက်လာပါတယ်။

– အရေပြားမှာ အနီကွက်ပေါ်တာ၊ ယားယံတာနဲ့ ပူစပ်ပူလောင် ဖြစ်တာတွေဖြစ်တတ်ပါတယ်။

– ပျို့ချင်အန်ချင်စိတ်ပေါ်တာ၊ အန်တာနဲ့ ဝမ်းလျှော စတာတွေ ဖြစ်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top