Healthy Life Ad
Life Style

Nick Vujicic ၏ ဘဝရှင်သန်ရေး စကား ၂၀

၊ ကိုထက် ၊

Nick Vujicic ဟာ လက်မပါ၊ ခြေထောက်မပါ တဲ့ရှားပါးတဲ့ ရောဂါဝေဒနာနဲ့ မွေးဖွားလာခဲ့သူပါ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့သူဖြစ်ပြီး ဘဝမှာ ဘာမှမရှိလည်း ပျော်ရွှင်နိုင်တဲ့ အခြေအနေကို သင် ယူလေ့လာခဲ့ပါတယ်။ နောက်ဆုံးတော့ သူစွမ်းဆောင်နိုင်ခဲ့ပြီး ဒီနေ့မှာတော့ တခြားသူတွေကိုသူ့သတ္တိမျှဝေရင်း အချိန်အများစုကုန်ဆုံးနေသူပါ။ သူရေးတဲ့ စာအုပ်“Life without limits “ထဲက သူ့ကိုယ်ပိုင်ယုံကြည်ထားတဲ့ စကားအနည်းငယ်ကိုကူး ယူပြီး မျှဝေချင်ပါတယ်။ ဘယ်သူမဆို သတ္တိခွန်အားရှိပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ နှလုံးသားသာ ပိုင်ဆိုင်ရင် သူတို့အိပ်မက်တွေ အောင်မြင်လိမ့်မယ် လို့ဆိုထားတာပါ။

(၁) စစ်မှန်တဲ့မိတ်ဆွေသူငယ်ချင်းတစ်ယောက် လိုချင်ရင် တခြားသူရဲ့ စစ်မှန်တဲ့မိတ်ဆွေဖြစ်အောင် အရင်ကြိုးစားလိုက်ပါ။

(၂) ဘယ်သူမှ တံခါးဖွင့်မထားဘူးဆိုရင် တစ်ချိန်တည်းမှာ တံခါးတွေအများကြီးကို လိုက်ခေါက် ကြည့်လိုက်ပါ။

(၃) ကျွန်တော်တို့အားလုံးက အမြဲတမ်းအပြစ် ကင်းနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ လူတိုင်းက အပြစ်ကိုပဲ အရင်မြင်တတ်ကြပါတယ်။

(၄) ကိုယ်တာဝန်ယူနိုင်မယ့် အလုပ်မျိုးလုပ်ပါ။ တာဝန်သိစိတ်အပြည့်နဲ့ အလုပ်လုပ်တာက ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့ အချက်ပါ။

(၅) ပျော်ရွှင်မှုကို စောင့်ဆိုင်းမနေပါနဲ့။ ပျော်ရွှင်မှုဆိုတာ အချိန်တိုင်း ကိုယ့်အနားမှာ ရှိနေတဲ့ အရာပဲ မဟုတ်လား။ စိတ်ပိုင်း၊ ခံစားမှုပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာဟန်ချက်ညီညီ နေထိုင်နိုင်တယ်ဆိုရင် ပျော် ရွှင်ရပါလိမ့်မယ်။

(၆) တစ်ခါတလေကြုံတွေ့လာမယ့် အရာတိုင်းကို လက်ခံဖို့ မဖြစ်နိုင်ဘူးဆိုတာ သတိရပါ။

(၇) သင့်ကိုယ်သင် လက်ခံဖို့ အဆင်သင့်မဖြစ်သေးရင် တခြားသူတွေကို လက်ခံဖို့ ပိုပြီးတောင် အဆင်သင့်ဖြစ်နိုင်ခြေ နည်းပါလိမ့်မယ်။

(၈) ကမ္ဘာပေါ်မှာ ကိုယ့်ကို ထိခိုက်မှုမရှိတဲ့ ပြဿနာတွေအများကြီး ရှိပါတယ်။ အဲဒါကြောင့် တခြားလူများစွာရဲ့ ဘဝထက်ကိုယ့်ဘဝက အဆထောင်ပေါင်းများစွာပိုလွယ်တယ်ဆိုတာ သေချာပါတယ်။

(၉) အကူအညီတောင်းရတဲ့အခါ စိတ်မသက်မသာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ကပုံမှန် ဖြစ်ဖြစ်၊ မဖြစ်ဖြစ်တစ်ဦးတည်းတော့ အရာရာတိုင်း မကျော်လွှားနိုင်ပါဘူး။

(၁၀) သင့်အတွက် အလုပ်က ဘဝကို ချည်းကပ်တဲ့နည်းတစ်ခုပါ။ အလုပ်လုပ်တဲ့အခါ နောင်တမရစေမယ့် ဘဝမျိုးနဲ့ နေထိုင်ပါ။

(၁၁) ချစ်ခြင်းမေတ္တာတိုင်းကို သင်မစောင့်ရှောက်နိုင်ပါဘူး။ ဒါပေမဲ့ မေတ္တာစစ်မေတ္တာမှန်ဆိုရင်တော့ သင့်နှလုံးသားထဲတည့်တည့်ဝင်ရောက်ပါတယ်။

(၁၂) အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရှာပါ။

(၁၃) ကမ္တာလောကအပေါ်မြင်တဲ့ သဘောထားက အဝေးထိန်းခလုတ်လိုပါပဲ။ သင်ကြည့်နေတဲ့ အစီအစဉ်ကို မကြိုက်ရင် အဝေးထိန်းခလုတ်ကို ပြောင်းနှိပ်ရင်း တခြားအစီအစဉ် ပြောင်းကြည့်လိုက်ရုံပါပဲ။

(၁၄) သူတို့ကိုယ်သူတို့ အရှုံးသမားလို့ ထင်တဲ့ သူတိုင်း သူတို့ရှုံးပြီးတိုင်း အောင်မြင်မှုနဲ့နီးကပ်လာ ပြီဆိုတာသူတို့ မသိကြသူတွေပါ။

(၁၅) အပြစ်ကင်းတဲ့ ခန္ဓာကိုယ်ရှိတိုင်း သူတို့ စိတ်ဓာတ်က အပြစ်ကင်းတယ်လို့ မဆိုလိုပါဘူး။ ရုပ်ထက် စိတ်က ပိုအရေးကြီးပါတယ်။

(၁၆) မျိုးစေ့ကို ကောင်းစွာ စိုက်ပျိုးမှုမလုပ်ဘဲနဲ့ ပန်းတိုင်ကို အိပ်မက်မက်ပါနဲ့။

(၁၇) ဘဝမှာ အကြီးမားဆုံး ပျော်ရွှင်မှုတစ်ခုက ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်အတွေ့အကြုံတွေထက် ပို ကြီးမားတဲ့အရာလို့ နားလည်တတ်ဖို့ပါပဲ။

(၁၈) စိတ်ဖိစီးမှုများတဲ့ အခြေအနေမှာသင့်မှာ ဖြစ်ပျက်နေတဲ့ အရာတွေနဲ့ စိတ်ခံစားမှုကို ခွဲခြားမြင်တတ်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ရင်ဆိုင်ဖို့ ခွန် အားသစ် ရရှိလာမှာပါ။

(၁၉) ဘဝက သာယာတယ်လို့ သင်တွေးတတ်ရင် ဘဝက တကယ်သာယာပါတယ်။

(၂၀) မနက်ဖြန်ဆိုတာ နောက်ထပ်အခွင့်အလမ်းသစ်တွေကို ကြိုဆိုနေတဲ့ အရာပဲမဟုတ်လား။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top