မေး ။ နှလုံးတီဗီ ရိုက်တယ်ဆိုတာ ဘာကိုပြောတာပါလဲ၊ ဘာကြောင့် ရိုက်ရတာပါလဲ၊ အဲဒီလိုရိုက်ရင် ဘာတွေ သိနိုင်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။
ဒေါက်တာမြတ်ထွဋ်ညွှန့် မှ ပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ Echocardiogram ကို ဆိုလိုတယ်ထင်ပါတယ်။ အသံလွန်လှိုင်းသုံးပြီး နှလုံးကို စစ်ဆေးတဲ့နည်းပါ။ နှလုံးပုံမှန် အသံမမှန်တဲ့အခါ အကြောင်းရင်းရှာဖို့၊ နှလုံးနံရံအထူအပါးနဲ့ ခုန်တဲ့အချိန် ပုံမှန်ဟုတ်၊မဟုတ်သိဖို့၊ နှလုံးအဆို့ရှင်တွေ အလုပ်ပုံမှန်လုပ်၊ မလုပ်သိဖို့၊ နှလုံးနဲ့နှလုံးအခန်းအရွယ်အစားတွေ သိဖို့ စတဲ့အကြောင်းတွေကို သိဖို့ ဒီစစ်ဆေးမှုကို လုပ်ကြည့်နိုင်ပါတယ်။