Healthy Life Ad
Health Tips

ခန္ဓာကိုယ် ဘယ်ဘက်စောင်းပြီး အိပ်ခြင်း၏ ကျန်းမာရေးကောင်းကျိုးများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူတွေအတွက် အိပ်စက်တာက အရေးပါတဲ့ အားသွင်းမှုဖြစ်တယ်။ သင်အိပ်တဲ့ အနေအထားက သင့်အထွေထွေကျန်းမာရေးကို သက်ရောက်မှုရှိတယ် ဆိုတာ သင်သိပါသလား။ လတ်တလောလေ့လာမှုအရ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအများစုရဲ့ ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ သိရပါတယ်။

– ပြန်ရည်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်
ပြန်ရည်ကြောစနစ်ဟာ ကိုယ်တွင်းစနစ်ကနေ စွန့်ပစ်ပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေ စွန့်ထုတ်တဲ့ နည်းနဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့လုပ်ငန်းဆောင်တာကိုလုပ်ပါတယ်။ ပြန်ရည်ကြောစနစ်ထဲက အကြီးဆုံး သွေးကြောက ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းမှာရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဒါကြောင့် ခန္ဓာ ကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းတွေကို ပိုပြီး ထိထိရောက်ရောက် စွန့် ထုတ်နိုင်ပါတယ်။ ပြန်ရည်ကြောစနစ်က အဆီ၊ ပရိုတင်းဓာတ်နဲ့ တစ်သျှူးထဲက တခြားအရေးကြီးတဲ့ အရာတွေ သယ်ယူပို့ဆောင်ရာမှာအရေးပါပြီး ဆဲလ်တွေထဲကို အာဟာရဓာတ်တွေ မြန်မြန်ရောက်ရှိစေပါတယ်။

– သရက်ရွက်ကို ကောင်းကောင်းလုပ်ဆောင်စေနိုင်ပါတယ်
သရက်ရွက်ဟာ ပြန်ရည်ကြောစနစ်ထဲကအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်ဘက် အခြမ်းမှာရှိပါတယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်း အိပ်တဲ့အခါ သရက်ရွက်က ပိုပြီးထိထိရောက်ရောက် အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ သရက်ရွက်ထဲသွေးစီး ဆင်းမှုအားကောင်းစေပြီး စွန့်ပစ်ပစ္စည်းတွေကို ပိုပြီး မြန်မြန် စွန့်ထုတ်ပေးနိုင်ပါတယ်။

– စွန့်ပစ်ပစ္စည်းတွေကို ကောင်းကောင်း စွန့်ထုတ်နိုင်ပါတယ်
ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်အခြမ်းမှာ အူသိမ်နဲ့အူမကြီးကြားဆက်တဲ့နေရာ (Ileocecal valve)ရှိပါတယ်။ ဘယ်ဘက်စောင်းအိပ်တဲ့အခါ ကမ္ဘာမြေဆွဲအားကြောင့် အူသိမ်ကနေ အူမကြီးဆီကို စွန့်ပစ်ပစ္စည်းတွေ အလွယ် တကူထွက်ရှိသွားပါတော့တယ်။ အဲဒီအခါ အူမကြီးကနေ စွန့်ပစ်ပစ္စည်းတွေကို မြန်မြန်စွန့်ထုတ်နိုင်စေပါတယ်။

– ညဘက်ရင်ပူဝေဒနာ လျော့ပါးစေပါတယ်
မကြာခဏ ရင်ပူဝေဒနာ ခံစားနေရရင် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ပေးပါ။ အဲဒီအခြေအနေမှာ သင့်အစာအိမ်ကနေ အစာရေမျိုပြွန်ဆီ အစာတွေဆန် တက်မှုမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

– အသည်း ဝန်ပိမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်
အသည်းက ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်းမှာရှိတာကြောင့် ညာဘက်စောင်းအိပ်ရင် အသည်းပေါ် ဝန်ပိစေပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင် အသည်း ဆီကို အဆိပ်အတောက်နဲ့ တခြားအန္တရာယ်ရှိတဲ့ ဓာတ် တွေမရောက်ရှိစေပါဘူး။

– နှလုံးကို ကျန်းမာစေပါတယ်
နှလုံးရဲ့ ဘယ်ဘက်အခြမ်းဟာ အဆုတ်ကနေ သွေးတွေ လက်ခံပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်တာက နှလုံးကို ပိုပြီး အလွယ်တကူ လုပ်ဖြစ်စေပါတယ်။ ဘယ်ဘက်စောင်းအိပ်ရင် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းမွန်စေပြီး နှလုံးကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top