Healthy Life Ad
Health Tips

ဟောက်ခြင်းကို ရပ်တန့်နိုင်မည့် ဖြေရှင်းနည်း ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အချစ်က အရာရာကို အောင်နိုင်ပေမယ့် ဟောက်တာကိုတော့မကျော်လွှားနိုင်ပါဘူး။ ဟုတ်တယ်လေ။ ချစ်သူတွေဘယ်လောက်ချစ်ချစ်၊ အိမ်ထောင်ကျသွားတဲ့အခါ ကိုယ့်ခင်ပွန်း/ဇနီးမယားက ဟောက်နေရင် ကိုယ်ကအိပ်လို့မရလို့ စိတ်ညစ်ရတာပဲမဟုတ်လား။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော်ဖို့ မဟောက်အောင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

(၁) ဘေးတစောင်း အိပ်ပါ
ပက်လက်လှန်အိပ်ရင် လျှာအရင်းနဲ့ အာခေါင်ပျော့ဟာ လည်ချောင်းအနောက်ဘက်နံရံဆီရောက်ပြီး အသက်ရှူရတာ အဟန့်အတားဖြစ်သွား တတ်ပါတယ်။ အဲဒီအခါ စိတ်ပျက်စရာကောင်းတဲ့ ဟောက်သံတွေ ထွက်လာပါတော့တယ်။ ဘေးတစောင်းအိပ်ရင် လည်ချောင်းပွင့်ပြီး ဟောက်တာ ရပ်သွားတတ်ပါတယ်။

(၂) ကိုယ်အလေးချိန် လျှော့ချရန် ကြိုးစားပါ
သင်က ကိုယ်အလေးချိန်များနေရင် အဆုတ်နဲ့ လည်ပင်းက အသက်ရှူတာကို ဟန့်တားထားတဲ့အတွက် ဟောက်တတ်ပါတယ်။ ကိုယ်အလေးချိန်များနေရင် အိပ်ရင်း မကြာခဏ အသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက် ဖြစ်တဲ့ ဝေဒနာကိုလည်း မြင့်တက်စေပါတယ်။

(၃) နှာခေါင်းမြှေးရောင်ခြင်းရှိ၊ မရှိစစ်ဆေးပါ
နာတာရှည် နှာခေါင်းမြှေးရောင်ရမ်းနေရင် ဟောက်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

(၄) မအိပ်ခင် နှာခေါင်းဖြင့် အသက်ပြင်းပြင်း ရှူထုတ်ပါ
ပါးစပ်နဲ့ အသက်ရှူတာက ဟောက်တာကို ဖြစ် စေနိုင်ပါတယ်။ ညဘက်မှာ မအိပ်ခင် နှာခေါင်းပိတ် နေရင်တောင် နှာခေါင်းနဲ့ အသက်ရှူနိုင်ဖို့သာ ကြိုးစားပါ။ ဖြစ်နိုင်ရင် အိပ်ရာမဝင်ခင် နှာခေါင်းထဲထည့်တဲ့ အစက်ချဖျန်းဆေးထည့်ပြီး နှာခေါင်းနဲ့ အသက်ရှူနိုင်အောင် ကြိုးစားပါ။

(၅) အိမ်သန့်ရှင်းရေးကို ကောင်းစွာပြုလုပ်ပါ
ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေက ညည အိပ်တဲ့အခါ ဟောက်စေတဲ့ အဓိက အကြောင်းရင်း တွေထဲက တစ်ခုပါ။ အိမ်သန့်ရှင်းရေး၊ အထူးသဖြင့် အိပ်ခန်းသန့်ရှင်းရေးကိုမကြာခဏ လုပ်ဆောင်ပေးဖို့ အလွန် အရေးကြီးပါတယ်။ လိုက်ကာတွေကို မကြာ ခဏလျှော်ဖွပ်ပါ၊ အိမ်ထောင့်တွေနဲ့ ကြမ်းခင်းတွေကို လှည်းကျင်းဆေးကြောပေးပါ။

(၆) သဘာဝအိမ်တွင်းနည်းများ လုပ်ပါ
သဘာဝအိမ်တွင်းနည်းဖြစ်တဲ့ အိပ်ရာဝင်ခါနီး မှာ ရေနွေးကြမ်း (လက်ဖက်ခြောက်လျှော့ထည့်ပါ) တစ်ခွက်လောက် သောက်ပေးတာကလည်း အသက် ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေပြီး ဟောက်တာကို သက်သာစေပါတယ်။

(၇) အစားအသောက်ကို သတိထားပါ
ညဘက်မှာ အစားအသောက်ကို အများကြီး စားတာကြောင့် အစာမကြေဖြစ်ပြီး ဟောက်တတ်ပါတယ်။

(၈) အရက်ရှောင်ပါ
အရက်က လည်ချောင်းကြွက်သားတွေကို လှုံ့ဆော်ပြီး ပိုဟောက်စေနိုင်ပါတယ်။

(၉) နားကြပ်တပ်ထားပါ
ဘယ်နည်းနဲ့မှ အလုပ်မဖြစ်ရင် နားကြပ်တပ်ပြီး အိပ်ပါ။

(၁၀) သင့်အိမ်ထောင်ဖက်နှင့် သီးခြားစီ ခွဲအိပ်ပါ
သင့်အိမ်ထောင်ဖက်နဲ့ သီးခြားစီ ခွဲအိပ်လိုက် ရင် နှစ်ယောက်စလုံး ညဘက်မှာ အိပ်ရေးဝ၀ အိပ်ပျော်နိုင်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top