Healthy Life Ad
Health Tips

အရက်သောက်ချိန်နှင့် အရက်ဖြတ်ပြီးချိန် ခန္ဓာကိုယ် အပြောင်းအလဲများ

၊ ကိုထက် ၊

အရက်က ကျွန်တော်တို့ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမဲ့ မ ရှောင်နိုင်လို့ သောက်ကြသူတွေက အများသားပါ ပဲ။ အရက်သောက်ချိန်နဲ့ အရက်ဖြတ်ပြီးချိန်တွေမှာ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို သိနား လည်စေဖို့ ဖော်ပြလိုက်ပါတယ်။

အရက်ဖြတ်ပြီး တစ်ပတ်အကြာ
အရင်က အိပ်ရေးမဝတဲ့ ပြဿနာတွေ ခံစားခဲ့ရပေမယ့် အခုအခါမှာ ကလေးတစ်ယောက်လို နှစ် နှစ်ခြိုက်ခြိုက် အိပ်မောကျပါလိမ့်မယ်။

အရက်ဖြတ်ပြီး နှစ်ပတ်အကြာ
အရင်က ကိုယ်အလေးချိန်များခဲ့ပေမယ့် အခု အခါမှာ တစ်ပတ်မှာ ကိုယ်အလေးချိန် ၃ပေါင်ခန့် စတင်လျော့ကျလာပါလိမ့်မယ်။

အရက်ဖြတ်ပြီး ၃-၄ ပတ်အကြာ
အရင်က အာရုံစူးစိုက်နိုင်စွမ်း ခက်ခဲတာကို သင် သတိထားမိမှာပါ။ အရက်ဖြတ်ပြီး ၃-၄ ပတ်အ ကြာမှာတော့ သွေးဖိအားက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆင့်အထိ လျော့ကျသွားပါလိမ့်မယ်။ ပြီးရင် သက်လုံ ကောင်းပြီး ဦးနှောက်စွမ်းအင်လည်း မြင့်တက်လာပါလိမ့်မယ်။

အရက်ဖြတ်ပြီး တစ်လအကြာ
အရင်က သင့်ရုပ်သွင်ကြောင့် အမြဲ မပျော်မရွှင်ဖြစ်နေခဲ့မှာပါ။ အရက်ဖြတ်ပြီး တစ်လအကြာမှာ လန်းဆန်းတဲ့ မျက်နှာ၊ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာတွေ ပိုင်ဆိုင်ပြီး ဆွဲဆောင်မှု ပိုရှိလာပါလိမ့်မယ်။

အရက်ဖြတ်ပြီး သုံးလအကြာ
အရင်က ခဏလေးနဲ့ ပင်ပန်းလွယ်နေပါလိမ့်မယ်။ အခုအခါမှာတော့ သင့်အနေနဲ့ တစ်နေ့လုံး လန်းဆန်းပြီး စွမ်းအင်ရှိနေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top