Healthy Life Ad
International

နောက်ကျ ညစာစားခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေမြင့်မား

၊ မိုးမင်းထွန်း ၊

ယူကေနိုင်ငံမှာ တစ်ရက်မှာ လူ ၅၀ဝဦးကျော် နှလုံးအမောဖောက်တာကြောင့် ဆေးရုံတက်နေရပြီး လူလေးယောက်မှာတစ်ယောက်က သွေးတိုးရှိနေကြပါတယ်။ စားချိန်နောက်ကျတာနဲ့ နှလုံးအမော ဖောက်တာဖြစ်စေတဲ့ သွေးတိုးတာတို့ကြား ဆက်စပ်မှုကို သုတေသီတွေက ဖော်ထုတ်ခဲ့ပါတယ်။

သုတေသီတွေက သွေးတိုးရှိတဲ့ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ကြားအရွယ်ရောက်ပြီးသူ လူ ၇၀ဝ ဦးကျော်တို့ရဲ့ စားသောက်မှုပုံစံနဲ့ စားချိန်တို့ကို လေ့လာခဲ့ကြပါတယ်။ အစားအသောက်အမျိုးအစား၊ ဆားပါဝင်တဲ့ပမာဏ၊ နံနက်စာ ပုံမှန်စား၊မစားနဲ့ ည နေစာစားချိန်တို့ကို စစ်ဆေးခဲ့ကြပါတယ်။ လူတွေစားတဲ့ အစားအသောက်လိုပဲ အစားစားချိန်ကလည်း အရေးပါကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ညစာစားနောက်ကျတာတစ်ခုတည်းကပဲ ည တွင်းချင်း သွေးတိုးစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အိပ်ရာမဝင်ခင် ၂ နာရီအတွင်း ညစာစားတာက ဆားများတဲ့အစာစားတာထက် ပိုပြီး ကျန်းမာရေးကို ရေရှည်ထိခိုက်စေကြောင်းတွေ့ရှိခဲ့ပါတယ်။ ညတွင်းချင်းသွေးတိုးကျမသွားသူ ရာခိုင်နှုန်းအရ အိပ်ရာမဝင်ခင် ၂ နာရီအတွင်း စားသူတွေမှာ ၂၄ ရာခိုင်နှုန်းရှိပြီး စောစောညစာစားသူတွေမှာ ၁၄ရာခိုင်နှုန်းသာ ရှိပါတယ်။ ပုံမှန်အားဖြင့် လူတွေညအိပ်ရာဝင်ချိန်မှာ ခန္ဓာကိုယ်အနားယူဖို့နဲ့ နောက်နေ့အတွက် အားအင် အဆင်သင့်ဖြစ်စေဖို့ သွေးဖိအား၁၀ရာခိုင်နှုန်း ကျဆင်းလေ့ရှိပါတယ်။ ဦးဆောင်သုတေသီ တူရကီ Dokuz Eylu ၌ တက္ကသိုလ်မှ နှလုံးရောဂါကုထုံးဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာEbur Ozpelit က နောက်ကျအစာစားတာကြောင့် ခန္ဓာကိုယ်ဟာ အနားယူခြင်းအစား နေ့ဘက်မှာလိုတက်ကြွနေပြီး သွေးတိုးတာက ကျမသွားဘဲ နှလုံးရောဂါနဲ့ နှလုံးအမောဖောက်တာတို့ဖြစ်နိုင်ခြေကို မြင့်စေကြောင်းရှင်း ပြပါတယ်။ မနက်စာနဲ့ နေ့လည်စာမှန်မှန်စားပြီး ည ၇ နာရီမတိုင်ခင် ညစာနည်းနည်းသာ စားသုံးသင့် ကြောင်းလည်း အကြံပြုပါတယ်။

(Ref; MR)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top