Healthy Life Ad
Life Style

ဘီလ်ဂိတ်ဆီက မှတ်သားထိုက်သော စကား ၁၁ ခွန်း

ကိုမိုး

(၁) ဆင်းဆင်းရဲရဲ မွေးလာတာက မင်းအမှားမဟုတ်ဘူး။ ဒါပေမဲ့ ဆင်းဆင်းရဲရဲ သေသွားမယ်ဆိုရင်တော့ ဒါမင်းအပြစ်ပဲ။

(၂) ကျွန်တော်က စာမေးပွဲမှာ တချို့ဘာသာရပ်တွေ ကျခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက အားလုံးအောင်မြင်သွားခဲ့တယ်။ အခုတော့ သူက Microsoft ရဲ့ အင်ဂျီနီယာတစ်ဦးဖြစ်ပြီး ကျွန်တော်က Microsoft ရဲ့ ပိုင်ရှင် ဖြစ်လာခဲ့တယ်။

(၃) ခက်ခဲတဲ့ အလုပ်တွေလုပ်ဖို့ လူပျင်းကိုပဲ ရွေးချယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပျင်းတွေက အဲဒါ လုပ်ဖို့ အလွယ်ဆုံးနည်းလမ်းကို ရှာတွေ့လို့ပါ။

(၄) နောင်ဆယ်စုနှစ်ထဲ ဝင်ရောက်ချိန်မှာ ခေါင်းဆောင်တွေကသာ တခြားသူတွေကို စိုးမိုးလိမ့်မယ်။

(၅) အောင်မြင်မှုဆိုတာ တကယ်ဇီဇာကြောင်တဲ့ ဆရာပါ။ သူက ဉာဏ်ကောင်းတဲ့သူတွေကို အတွေးတွေ ထွက်လာအောင် ညှစ်ထုတ်တတ်ပါတယ်။

(၆) သင်ရဲ့ မပျော်ရွှင်ဆုံး ဖောက်သည်တွေက သင့်အတွက် တန်ဖိုးအကြီးဆုံး လေ့လာမှုအရင်းအမြစ်ပါပဲ။

(၇) သင့်အထက်လူကြီးက ကြမ်းတမ်းတယ်ထင်ရင် သင်ကိုယ်တိုင် သူဌေးဖြစ်လာတဲ့အထိ သည်းခံပါ။ ဒါဆိုရင် သူ့မှာ လုပ်ပိုင်ခွင့် မရှိတော့ပါဘူး။

(၈) အောင်မြင်မှုအတွက် ဂုဏ်ယူတာ ကောင်းပါတယ်။ ဒါပေမဲ့ အရှုံးကရတဲ့ သင်ခန်းစာတွေကို အရေး စိုက်ဖို့ ပိုအရေးကြီးတယ်။

(၉) ဘဝက မမျှတဘူး။ ဒါကို ရအောင် အသုံးချပါ။

(၁၀) သင်က ဒါကို ကောင်းအောင် မလုပ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ အဲဒါကို ကြည့်ကောင်းစေလိမ့်မယ်။

(၁၁) ဒီကမ္ဘာမှာရှိတဲ့ ဘယ်သူနဲ့မှ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ အဲဒီလို နှိုင်းယှဉ်နေတာက ကိုယ့်ကိုယ် ကိုယ်စော်ကားနေတာပါပဲ။
Ref; MO

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top