Healthy Life Ad
Health Tips

အလွန်အမင်း အားထုတ်စရာမလိုဘဲ ကျန်းမာသက်ရှည်စေမည့် နည်းများ

စူး ( ဆေးဝါးတက္ကသိုလ် )
ကျန်းမာကြံ့ခိုင်အောင် အားအင်စိုက်ထုတ်စရာမလို၊ အပင်ပန်းခံစရာမလိုတဲ့ နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) လှုပ်ရှားမှုကို အလေ့အထဖြစ်အောင် လုပ်ပါ
အားကစားခန်းမကို သွားဖို့မဖြစ်နိုင်ရင် အိပ်ရာက နိုးတာနဲ့အကြောဆန့်တာ၊ ရေချိုးခါနီးမှာ ကိရိယာလွတ်လေ့ကျင့်ခန်းလုပ်တာတွေကို လုပ်ပေးနိုင်ပါတယ်။

(၂) အိမ်လုပ်အစားအသောက်များစားပါ
ဖြစ်နိုင်ရင်အပြင်က အစားအသောက်တွေကို ဝယ်မစားဘဲ အိမ်မှာလုပ်ထားတဲ့ အစားအသောက်တွေကိုပဲ စားသင့်ပါတယ်။ အပြင်သွားတဲ့အခါမှာလည်း တတ်နိုင်ရင် အိမ်မှာချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုပဲ စားသင့်ပါတယ်။

(၃) အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးပါ
သင့်အနေနဲ့ အားစိုက်စရာမလိုဘဲ ကျန်းမာရေးကောင်းနေအောင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မွေးသင့်ပါတယ်။ လေ့လာမှုများစွာအရ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက သွေးပေါင်ကျတာ၊ စိတ်ဖိစီးမှုလျော့ကျတာစတဲ့ ကိုယ်နဲ့စိတ်ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့သိရပါတယ်။

(၄) တီဗီကြည့်ရင်း လေ့ကျင့်ခန်းလုပ်ပါ
တီဗီကြည့်ရင်း လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီ ၃၅၀လောက်လျော့ကျစေပါတယ်။ တီဗီကြည့်ရင်း အစာစားတတ်သူတွေက ကိုယ်အလေးချိန်ပိုမို မြင့်တက်စေနိုင်ပါတယ်။

(၅) စကားလုံးပဟေဠိ အဖြေညှိပါ
ဒီလိုလုပ်တာက အားစိုက်စရာမလိုဘဲ ဦးနှောက်ကို လှုံ့ဆော်မှုပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါ။ ဦးနှောက်ကျန်းမာရေးကို ကောင်းစေတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါနဲ့ သက်ကြီးအတိတ်မေ့ရောဂါတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၆) အစာကို ဖြည်းဖြည်းချင်း ကြေညက်စွာဝါးစားပါ
အစာခြေစနစ်ကျန်းမာပြီး ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် အစာကို ဖြည်းဖြည်းချင်း ဝါးစားပေးဖို့ လိုပါတယ်။ အစာကိုဖြည်းဖြည်းချင်းဝါးစားပေးတဲ့အခါ အစာကို အလွန်အကျွံမစားဖြစ်တော့ပါဘူး။ အစာစားပြီးတာနဲ့ ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီကို ခန္ဓာကိုယ်က အချက်ပြနိုင်ဖို့ မိနစ် ၂၀ကြာမြင့်တာကြောင့် ဖြည်းဖြည်းစားပေးသင့်တာ ဖြစ်ပါတယ်။

(၇) သစ်သီးနှင့် ဟင်းသီးဟင်းရွက်များများစားပါ
ဈေးဝယ်စာရင်းထဲမှာ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တို့ကို မဖြစ်မနေထည့်ပါ။ အစာစားတိုင်း ဟင်းသီးဟင်းရွက် ပါဝင်အောင် ထည့်စားပြီး သရေစာစားတိုင်း သစ်သီးကို ရွေးချယ်ပါ။

(၈) ကခုန်ပါ
ပြင်းပြင်းထန်ထန် အလုပ်လုပ်စရာမလိုဘဲ ကျန်းမာကြံ့ခိုင်နေစေဖို့အတွက် အိမ်အလုပ်လုပ်ရင်း သီချင်းဖွင့်ကာ ကခုန်ပေးပါ။ အားလပ်ချိန်မှာ အိမ်သန့်ရှင်းရေးလုပ်ရင်း ကခုန်ပေးတာက ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး ကယ်လိုရီများစွာ လောင်ကျွမ်းစေပါတယ်။

(၉) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ
လေ့လာမှုအရ အိပ်ရေးဝ၀ အိပ်စက်တာက အသက်ရှည်ရှည်နေရစေပြီး မှတ်ဉာဏ်ကောင်းစေကာ စိတ်ဖိစီးမှု လျော့ကျစေကြောင်း သိရပါတယ်။ တစ်ညမှာ အချိန် ၅ နာ ရီအောက်လျော့နည်းပြီး အိပ်တာက မတော်တဆထိခိုက် မှုဖြစ်နိုင်ခြေများပြီး ကိုယ်အလေးချိန်တက်ကာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top